အပစ်ရပ်စာချုပ်လက်မှတ်ထိုးဖို့ အဆင်သင့် မဖြစ်သေးကြောင်း ကေအိုင်အို ဒုဥက္ကဌ ပြောကြား

2015-09-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လုံခြုံရေးယူထားသည့် KIA စစ်သားတချို့ကို တွေ့မြင်ရစဉ်။
လုံခြုံရေးယူထားသည့် KIA စစ်သားတချို့ကို တွေ့မြင်ရစဉ်။
Photo: RFA

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က လာမယ့်အောက်တိုဘာလ ပထမပတ်အတွင်း အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးကြဖို့ ကမ်းလှမ်းချက်ကို ဝမ်းသာပေမယ့် KIO ကချင်လွတ်မြောက်ရေးအဖွဲ့အနေနဲ့ လက်မှတ်ရေးထိုးဖို့ အဆင် သင့်မဖြစ်သေးကြောင်း KIO ဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောလိုက်ပါတယ်။

ဗိုလ်ချုပ်ကြီးအင်ဘန်လက ရန်ကုန်မြို့စမ်းချောင်းမြို့နယ်က ကချင်ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ မနေ့ညက ကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။

"သမ္မတက သတ်မှတ်တဲ့ အောက်တိုဘာလ ပထမပတ်အတွင်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ ကမ်းလှမ်းချက်ဟာ KIO အဖွဲ့အတွက် မဖြစ်နိုင်သေးကြောင်း၊ သမ္မတရဲ့ ကမ်းလှမ်းချက်ကို ဝမ်းသာကြောင်းနဲ့ လက်မခံတာမဟုတ်ဘဲ လက်မှတ်ရေးထိုးဖို့ အဆင်သင့်မဖြစ်သေးတာသာဖြစ်တယ်ဆိုတာ ကချင်တိုင်းရင်း သားတွေကို သိထားစေလိုကြောင်း” ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။

တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး ဆိုတာနဲ့ပတ်သက်ပြီး လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လေ့လာဖို့ လိုအပ်သလို ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်တိုင်း တစ်ဘက်က တပ်မတော်က ရှမ်း၊ ကချင်၊ ပလောင်ဒေသတွေမှာ ထိုးစစ်ဆင်နေတယ်လို့လည်း ပြောပါတယ်။ ကေအိုင်အိုဟာ ငြိမ်းချမ်းရေးမလိုချင်ဘူး၊ ခေါင်းမာတယ်ဆိုပြီး ပုတ်ခတ်ပြောဆိုနေတာတွေလည်းရှိတယ်လို့ သူ့အနေနဲ့ သိရှိရကြောင်းလည်း ပြောပါတယ်။

ကေအိုင်အိုဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ရေးဆိုတဲ့ မူကိုလက်ကိုင်ထားဆဲဖြစ်သလို အစိုးရနဲ့တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေနဲ့လည်း ဆွေးနွေးတိုင်ပင်ရဦးမယ်လို့လည်း ပြောပါတယ်။ သမ္မတပြောတာကို လက်ခံပေမယ့် ကမ်းလှမ်းထားတဲ့ရက်မှာ လက်မှတ်မထိုးနိုင်သေးတာဖြစ်ကြောင်းလည်း ပြောပါတယ်။

ကွန်မင့်များ (18)
Share

Ko Ko Htin

KIO ခေါင်းဆောင်တွေက သူတို့  ရထားတဲ့ အာဏာ အရှိန်အ၀ါနဲ့ စည်းစိမ်တွေကို လက်မလွှတ်ချင်လို့ ပါ။ သစ်တွေ ထုတ် ဘိန်းတွေထုတ်နဲ့  သူတို့ အရမ်း ဇိမ်ကျနေကြတာ မှုတ်လား။ ကချင်ပြည်သူတွေအတွက် သူတို့  ဘာတွေ လုပ်ပေးထားလဲဆိုတာ ပြောလေ

Sep 14, 2015 05:25 PM

Satellite

နေရပ်- Borders

Very wise. History proves that Ethnic people have suffered too long beliving the lies of Myanmar government and army. Hope they are changing this time. Better safe than sorry.

Sep 14, 2015 12:52 PM

တောသား

အ​ပေါ်က Ko Ko Htin​ရေးထားတာကို ​သေချာဖတ်​ ၊ သူ​ပြောသလို ကချင်​ပြည်​သူအတွက်​ကြည့်​တာမဟုတ်​ဖူး ကိုယ်​ကျိုးကြည့်​ မစွန့်ခြင်​လို့ ​ကြောင်းပြ​နေတာ၊ လက်​​တွေ့အ​ခြေ​နေကိုနားမလည်​ပဲနဲ့​ရေးမ​နေနဲ့၊ ကချင်​ပြည်​နည်​လဲမ​ရောက်​ဖူးမ​နေဖူး သွားပီအလုပ်​မလုပ်​ဖူးပဲနဲ့၊ ​ပေးလိုက်​ရတဲ့ဆက်​​ကြေး​တွေ ဘယ်​သူ​တွေရသွားလဲ၊

Sep 14, 2015 09:51 PM

စိုင်း​စံတစ်

သေချာတာတခုက​တော့ ​ကေအိုင်​​အေထိန်းချုပ်​နယ်​​မြေမှာ သစ်​​တော​တွေ တဖက်​နိုင်​ငံသား​တွေနဲ့ ​ပေါင်းပီး ​ဈေး​ပေါ၂နဲ့ခိုးထုတ်​​နေတာကာပီ၊မဟုတ်​ဖူးမငြင်းနဲ့ ဖမ်းမိသစ်​နဲ့တရပ်​နိုင်​ငံသား​တွေက သက်​​သေပဲ၊သစ်​​တော​တွေပြုန်း ကုန်​ပီ၊ဒါ​တွေဘယ်​စွန့်​ခြင်​မလဲ

Sep 14, 2015 08:27 PM

အေးချမ်းခြင်​ရင်​အမှန်​မြင်​ပါ

Sattlite ဆိုသူ အ​ပေါ်က ​ရေးထားတ​သေချာဖတ်​၊ Border လို့ ​ရေးထား​တော့ တဖွဲ့ ထဲထင်​တယ်​၊ ​ကချင်​ပြည်​နယ်​ပြည်​သူများ​အေးချမ်းတာလိုခြင်​မြင်​ခြင်​ရင်​ အမှန်​ကိုအမှန်​တိုင်းမြင်

Sep 14, 2015 08:37 PM

Satellite

နေရပ်- Borders

Very wise. History proves that Ethnic people have suffered too long beliving the lies of Myanmar government and army. Hope they are changing this time. Better safe than sorry.

Sep 14, 2015 12:52 PM

သြော်​ ကိုယ်ကျိုး......

ကိုယ်​ကျိုးကြည့်​ပီးမထိုး​တော့ ကချင်​ပြည်​သူ​တွေစစ်​ဒဏ်​ဆက်​ခံရမှာ​ပေါ့၊အဲဒီအချိန်​ လက်​မှတ်​ထိုးတဲ့တိုင်းရင်း သားနယ်​​တွေက တိုးတက်​စည်​ပင်​ ​အေးချမ်း​နေပီ၊

Sep 14, 2015 08:30 PM

ဘယ်​ရှု​ထောင့်​က​နေကြည့်​တာလဲ

အဆင်​သင့်​ဖြစ်​တယ်​မဖြစ်​ဖူးဆိုတာ ကြည့်​တဲ့ရှု​ထောင့်​​ပေါ်မူတည်​တယ်​။အလုံးစုံပြည်​စုံတဲ့အဆင်​သင့်​ဖြစ်​မူက​တော့ရှိမှာမဟုတ်​ဖူး၊လိုအပ်​ချက်​က​တော့ ဘာလုပ်​လုပ်​ရှိ​နေမှာမို့လို့ပဲ။ကချင်​ပြည်​ရှိပြည်​သူများ၏စစ်​ဒဏ်​ခံစား​နေရတဲ့အမြင်​က​နေကြည့်​ရင်​ သနားငှဲငြာရင်​ အ​ဖြေက တမျိုးဖြစ်​သွားလိမ့်​မယ်​။

Sep 13, 2015 09:22 PM

ဘယ်​လို​တွေဖြစ်​ကုန်​တာလဲ

President ကသတ်​မှတ်​တာမဟုတ်​ဖူး​လေ၊​ကေအိုင်​​အေ​ခေါင်း​ဆောင်​က ​အောက်​တိုဘာလထဲမှာလုပ်​ခြင်​တယ်​​ပြောလို့ ၂ဦး၂ဖက်​ ညှိပီး သတ်​မှတ်​တာ​​လေ။စကား​တွေက အပြင်​​ရောက်​တာနဲ့ဘယ်​လို​တွေဖြစ်​ကုန်​တာလဲ

Sep 13, 2015 12:30 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့