ခုခံကာကွယ်စစ် ဆင်နွဲဘို့ KIA တပ်အားလုံးကို ဗဟိုမှ ညွှွန်ကြား
2011.06.13
KIO ကချင်လွတ်လပ်ရေးအဖွဲ့ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ၂၀ဝ၉ ဖေဖော်ဝါရီ ၅ရက်နေ့က ကျင်းပသော ကချင်တော်လှန်ရေးနေ့ အခမ်းအနားတွင် KIO တပ်ဖွဲ့ဝင် ၁၅၀ဝခန့်က လက်နက်အပြည့်အစုံဖြင့် ဥက္ကဋ္ဌ ဦးဇောင်းဟရားကို ချီတက်အလေးပြုခြင်းသည် ထူးခြားမှုအဖြစ် ယူဆကြပါသည်။ (Photo: RFA)
(Photo: RFA)
KIO တပ်တွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကထဲက မြန်မာ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့ပါတယ်။ အဲဒီ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဦးသိန်းစိန် အစိုးရဘက်က ဝန်ကြီး တဦး မနေ့က KIO အဖွဲ့ကို အဆက်အသွယ်လုပ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးဘို့ အစီအစဉ် လုပ်ခဲ့ပေမဲ့ ဒီကနေ့မှာ ကျိုးကြောင်း ဆီလျော်မှု မရှိတဲ့ တောင်းဆိုချက်တွေကြောင့် KIO အနေနဲ့ ခုခံ ကာကွယ်စစ် ဆင်နွဲဘို့ အမိန့် ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ KIA တပ်ရဲ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က RFA ကိုပြောပါတယ်။
ဒ့ါအပြင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မိုးမောက် မြို့နယ် ဆန်ခါဒေသမှာ ရှိတဲ့ တရုပ် အစိုးရ အကူအညီနဲ့ ဆောက်လုပ်နေတဲ့ တာပိန် ရေအားလျှပ်စစ်စီမံကိန်းမှာ တာဝန်ကျနေသူ တရုပ် ပညာရှင်နဲ့ အလုပ်သမား ၂၈ ဦးကိုလည်း တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ ပြန်ခွင့် မပေးဘဲ ဓါးစာခံသဘောမျိုးနဲ့ ထိမ်းထားတယ်လို့ KIO က ပြောပါတယ်။
တိုက်ပွဲတွေ စတင် ဖြစ်ပွားတဲ့ အချိန်ကထဲက KIO က တရုပ် ပညာရှင်တွေကို လုပ်ငန်းတွေ ရပ်တန့်ပြီး ထွက်ခွာဘို့ အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
KIOရဲ့ အဆိုအရ စစ်ပွဲများ အရှိန်အဟုန် တက်လာမယ် ဆိုရင် တခြား တိုင်းရင်းသား လက်နက်ကိုင် (၄) ဖွဲ့ က KIOနဲ့ လက်တွဲပြီး အစိုးရတပ်တွေကို တိုက်ဘို့ ကမ်းလှမ်းချက်တွေ ရရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။
KIO ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်း ထားပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန်။ |









