KNPP တပ်ဖွဲ့ဝင်တွေ နယ်လှည့် စည်းရုံးခွင့်ရရှိရေး ဆွေးနွေး


2015.05.09
knpp-305 KNPP တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: Nay Thwae/RFA

အစိုးရနဲ့ အပစ်ခတ်ရပ်စဲထားတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တပ်ဖွဲ့အင်အား ၂ဝဝ ခန့်ကို သံလွင်မြစ်အနောက်ဖက်ကမ်း ရှားတောမြို့နယ်မှာ နယ်လှည့်စည်းရုံးရေးဆင်းဖို့ ခွင့်ပြုပေးဖို့ ကယားပြည်နယ် အစိုးရနဲ့ ဆွေးနွေးခဲ့ရာမှာ အဆင်မပြေဘဲ နောက် သီတင်းပတ်မှ ဆုံးဖြတ်ပေးနိုင်မယ်လို့ ကယားပြည်နယ် အစိုးရက ပြောကြောင်းသိရပါတယ်။

KNPP ကိုယ်စားလှယ်တွေနဲ့ ကယားပြည်နယ် အစိုးရအဖွဲ့တို့ လွိုင်ကော်မြို့က အထွေထွေအုပ်ချုပ်ရေးမှူး ရုံးခန်းမမှာ ဒီနေ့ ဆွေးနွေးရာမှာ သဘောတူညီမှု မရသေး တာဖြစ်ကြောင်း လွိုင်ကော်မြို့ အခြေစိုက် KNPP ဆက်ဆံရေးရုံးတာဝန်ခံ ဦးခူးညေးရယ်က ပြောပါတယ်။

"အခုက ၂ဝဝ ဆိုလို့ရှိရင် သူတို့ကအရေအတွက် တအားများလွန်းတယ် လျော့ပေးပါဆိုတော့လေ ဒါပေမဲ့ ကျနော်တို့ ရဲဘော်တွေက ရှေ့ရောက်လာပြီးမှတော့ ဒီလိုဆုတ်ပြန်ခိုင်းတယ်ဆိုရင် မကောင်းဘူးလေ၊ အဲ့ဒါ ကျနော်တို့က အဖွဲ့ ၃ ဖွဲ့ခွဲပြီးတော့မှ လှုပ်ရှားခွင့်ပြုဖို့တင်ပြထားတယ်"

KNPP တပ်ဖွဲ့ဝင်အင်အား၂ဝဝ လောက်ဟာ လက်နက်အပြည့်အစုံနဲ့ ရှားတောမြို့နယ်အတွင်း လှည့်စည်းရုံးခွင့် တောင်းခဲ့ တာဖြစ်ပါတယ်။ ကယားပြည်နယ် အစိုးရအနေနဲ့ကတော့ လက်နက်ကိုင်တပ်ဖွဲ့ အရေအတွက်နဲ့ လက်နက်အပြည့်အစုံ ပါနေတာကြောင့် စည်ရုံရေးလုပ်ခွင့်ပေးဖို့ နှောင့်နှေးနေတာလို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။