ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ နဲ့ လာမယ့် ဧပြီလအတွင်း ထပ်မံတေ့ွဆုံဆွေးနွေးဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုး က RFA ကိုပြောပါတယ်။
ဒီနေ့ နေပြည်တော်မှာ တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နဲ့ တေ့ွဆုံစဉ်မှာ ကယားပြည်နယ်အတွင်း တပ်ပိုင်းဆိုင်ရာကိစ္စတွေနဲ့ပတ်သက်လို့ အကျေအလည်ဆွေးနွေးနိုင်ခဲ့ပြီး ထပ်မံဆွေးနွေးဖို့ လိုအပ်တဲ့အတွက် ဧပြီလအတွင်း တေ့ွဆုံသွားမှာဖြစ်တယ်လို့ နဲနယ်ပလိုး က ပြောပါတယ်။
KNPP ခေါင်းဆောင်တွေဟာ မနေ့က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ခေါင်းဆောင်တွေနဲ့ တေ့ွဆုံပြီး ဒေသဖံ့ွဖြိုးရေးကိစ္စတွေ၊ ပညာရေးနဲ့ ကျန်းမာရေးကိစ္စတွေ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
တပ်မတော်က အပစ်ရပ်ထားတဲ့ လေးလကြာကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။
