KNPP ကရင်နီပါတီ NCA လမ်းကြောင်းလိုက်မယ်

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ညီလာခံကနေ ငြိမ်းချမ်းရေးကို NCA လမ်းကြောင်းအတိုင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တပ်ပေါင်းစုနဲ့ လက်တွဲသွားဖို့ မေလ ၁၁ ရက်နေ့က ဆုံးဖြတ်လိုက်ပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ၁၃ ကြိမ်မြောက် ပါတီညီလာခံကို ထိုင်း မြန်မာနယ်စပ် မယ်ဟောင်ဆောင်မြို့အနီးက ညာမူတပ်စခန်းမှာ မေလ ၃ ရက်နေ့က စတင်ကျင်းပခဲ့စဉ် Photo: Aung Moe Myint/RFA

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ညီလာခံကနေ ငြိမ်းချမ်းရေးကို NCA လမ်းကြောင်းအတိုင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တပ်ပေါင်းစုနဲ့ လက်တွဲသွားဖို့ မေလ ၁၁ ရက်နေ့က ဆုံးဖြတ်လိုက်ပါတယ်။

ထိုင်း မြန်မာ နယ်စပ် မယ်ဟောင်ဆောင်မြို့အနီးက KNPP ဌာနချုပ်ဖြစ်တဲ့ ညာမူတပ်စခန်းမှာ တစ်ပတ်ကြာ ကျင်းပတဲ့ ညီလာခံကနေ အခုလို ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဗဟိုကော်မတီဝင် ဦးရွှေမျိုးသန့်က ပြောပါတယ်။

“အကြမ်းမျဉ်းတော့ ကျနော်တို့ NCA လမ်းကြောင်းအတိုင်း ဆက်သွားမယ်ပေါ့လေ၊ NCA လမ်းကြောင်းဆို ကျနော်တို့ လောလောဆယ်ကတော့ UNFC လမ်းကြောင်းပဲ ရှိတာပဲ၊ အဲဒီ UNFC လမ်းကြောင်းနဲ့ပဲပေါ့၊ ဘယ်လိုလုပ်မယ်ဆိုတဲ့ ကိစ္စကတော့ ကျနော်တို့ လာမယ့်ဒီပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေး အတွင်းမှာပဲ အသေးစိတ် ဆွေးနွေးတော့မယ်”

လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ ဒီညီလာခံကို ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP က ပါတီဝင် ၂ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org