အခြေခံဥပဒေ မပြင်ရင် ရွေးကောက်ပွဲ မဝင်ဘူးလို့ KNPP ဆုံးဖြတ်

မြန်မာအစိုးရအနေနဲ့ ၂၀၀၈ ဖွဲ့စည်း အုပ်ချူပ်ပုံ အခြေခံဥပဒေကို ပြန်ပြင်ရေးဆွဲ မှုမရရှိရင် KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီအနေ နဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တရားဝင်ပါတီအဖြစ်ရပ်တည်ပြီး ပါဝင်နိုင်မှာမဟုတ်ဘူးလို့ KNPP ရဲ့ ၁၂ ကြိမ်မြောက် ပါတီ ညီလာခံကနေ ဆုံးဖြတ်လိုက်ပါတယ်။

၂၀၁၂ ခုနှစ် မတ်လ ၇ ရက်က လွိုင်ကော်မြို့တွင် ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ဆွေးနွေးပွဲ၌ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီမှ ဆွေးနွေးနေစဉ်။ RFA

မြန်မာအစိုးရအနေနဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေကို ပြန်ပြင်ရေးဆွဲမှုမရရှိရင် KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တရားဝင်ပါတီအဖြစ်ရပ်တည်ပြီး ပါဝင်နိုင်မှာမဟုတ်ဘူးလို့  KNPP ရဲ့ ၁၂ ကြိမ်မြောက် ပါတီညီလာခံကနေ ဆုံးဖြတ်လိုက်ပါတယ်။

မေလ ၁၀ ရက်နေ့က ပြီးဆုံးသွားတဲ့ KNPP ရဲ့ ၅ ရက်ကြာ ညီလာခံကနေ ပါတီဥက္ကဌအဖြစ် ဦးအေဘယ်တွဒ်၊ ဒု ဥက္ကဌအဖြစ် ခူးဦးရယ်၊ အတွင်းရေးမှူး ၁ အဖြစ် ဦးအောင်ဆန်းမြင့်၊ အတွင်းရေးမှူး ၂ အဖြစ် ဦးရွှေမျိုးသန့်တို့ပါဝင်တဲ့ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ ၇ ဦးကို ရွေးချယ်တင်မြောက်ခဲ့ကြပါတယ်။

ဒါ့အပြင် ရှေ့လုပ်ငန်းစဉ်အဖြစ် ပါတီစည်းရုံးရေး၊ အမျိုးသားစာပေ တိုးတက်ပြန့်ပွားရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ လူထုပြန်လည်နေရာချထားရေးတွေကို ဆွေးနွေးချမှတ်ခဲ့ကြပြီး၂၀၁၅ ရွေးကောက်ပွဲအပေါ် သဘောထားကိုလည်း ပါတီဝင်တွေက ဆုံးဖြတ်ပေးခဲ့ကြတယ်လို့ အတွင်းရေးမှူး ၁ ဦးအောင်ဆန်းမြင့်က RFA ကို ပြောပါတယ်။

အစိုးရကနေပြီး၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်မရေးဆွဲဘူးဆိုရင် KNPP ရဲ့ မူလဦးတည်ချက်၊ ရည်မှန်းချက်တွေဖြစ်တဲ့ တရားမျှတရေး၊ တန်တူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး စတာတွေနဲ့ မကိုက်ညီဘူးလို့လည်း ဦးအောင်ဆန်းမြင့်က ဆက်ပြောပါတယ်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစတင်ခဲ့ချိန်က တောင်းဆိုချက် ၂၂ ချက်တင်ပြခဲ့ပေမယ့် လောလောဆယ်အထိ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီအဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းရာမှာ ၁၄ ချက်ပဲ သဘောတူညီမှု ရရှိသေးတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org