KNU ဆက်ဆံရေးရုံးတွေ ဖွင့်တော့မည်
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရာမှာ အထောက်အကူပြုဖို့အတွက် ကရင်အမျိုးသား အစည်းအရုံး KNU က ဆက်ဆံရေးရုံးတွေကို ဖွင့်လှစ်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။
-
2012-04-07 -
-
-
၂၀၁၂ ခုနှစ် ဧပြီလ ၆ ရက်က မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KNU ကရင်အမျိုးသား အစည်းအရုံး ကိုယ်စားလှယ်အဖွဲ့တို့ ရန်ကုန်မြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပနေစဉ်။
RFA
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်နဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်မှာဖြစ်ကြောင်း KNU ကိုယ်စားလှယ်အဖွဲ့က နော်မေဦးက ပြောပါတယ်။
ပဲခူးတိုင်းက ဆက်ဆံရေးရုံးကို ဧပြီလ ၉ ရက်နေ့မှာ ဖွင့်လှစ်မှာဖြစ်ပြီး ၁၀ ရက်နေ့မှာ ထားဝယ်မြို့မှာ ဖွင့်လှစ်မှာဖြစ်ကြောင်း သိရပါတယ်။