ဦးကိုနီအမှုအယူခံ ဇွန် ၂၄ ရက်နေ့ အပြီးသတ်ကြားနာမည်


2019.06.07
aungwintun-622.jpg ရှေ့နေ ဦးကိုနီ လုပ်ကြံမှုနဲ့ ပတ်သက်ပြီး တရားစွဲခံရတဲ့ အောင်ဝင်းဇော် ကို အင်းစိန်မြို့နယ် မြောက်ပိုင်းခရိုင်တရားရုံးမှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ ရုံးထုတ်ခဲ့စဉ်
Photo: Kyaw Zaw Win/RFA

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတဲ့အမှုမှာ နှစ်ဖက်အယူခံတင်ထားတဲ့ အပြီးသတ်လျောက်လဲချက်ကို လာမယ့် ဇွန်လ ၂၄ ရက်နေ့မှာ ရန်ကုန်တိုင်းတရားလွှတ်တော်ရုံးမှာ ကြားနာမယ်လို့သိရပါတယ်။

တရားလိုတွေနဲ့ ဥပဒေရုံးချူပ်ဖက်က ရာဇဝတ်ပြင်ဆင်မှု ၃ ခုနဲ့ တရားလိုဘက်က ရာဇဝတ်အယူခံ နှစ်မှု စုစုပေါင်း ငါးမှုကို အဲဒီ၂၄ ရက်နေ့မှာ တစ်ပြိုင်တည်း အပြီးသတ်ကြားနာမယ်လို့လည်း သိရပါတယ်။

အဲဒီအမှုမှာ တရားခံပြေး အောင်ဝင်းခိုင်မှာ ဒီနေ့အချိန်အထိ လွတ်မြောက်နေဆဲဖြစ်ပြီး တရားခံ ကြည်လင်းနဲ့ အောင်ဝင်းဇော်ကို မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့၊ ဇေယျာဖြိုးကို ထောင် ၅ နှစ်နဲ့ အောင်ဝင်းထွန်းမှာ ထောင် ၃ နှစ် ကျခံဖို့ အသီးသီးအမိန့်ချမှတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။