မြန်မာ လမ်းဖောက်ရေး တောင်ကိုရီးယား ကူညီ


2016.02.23

မြန်မာနိုင်ငံမှာ မိုင်ပေါင်း ၂ သောင်း ၁ ထောင်ကျော်ရှည်မယ့် နိုင်ငံတဝှမ်းသွားလာဖို့ အဝေးပြေးအမြန် လမ်းမကြီးတွေ ဖေါက်လုပ်မယ့်စီမံကိန်းအတွက်၊ မြန်မာနဲ့ တောင်ကိုရီးယားအစိုးရတို့ စီစဉ်နေတယ်လို့ ကိုရီးယား Yonhap သတင်းတစ်ပုဒ်မှာ မနေ့ကရေးသားဖေါ်ပြလိုက်ပါတယ်။

အဲဒီစီမံကိန်းကြီးကို ကိုရီးယားရင်းနှီးမြှုပ်နှံမှုအဖွဲ့က KOICA ခေါ် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီရဲ့ ရန်ပုံငွေနဲ့ တည်ဆောက်မယ်လို့ ဆိုပါတယ်။

ဒီစီမံကိန်းအတွက်ကာလကို နောက်အနှစ်နှစ်ဆယ်အတွင်းလို့ လျာထားသတ်မှတ်ထားပါတယ်။ ဒါ့အပြင် သွင်းကုန်ထုတ်ကုန်ကိုရီးယားဘဏ်ကလည်း ပဲခူးတိုင်းထဲမှာ ကီလိုဗို့အား ၅၀၀ သွယ်တန်းဖြန့်ဝေနိုင်မယ့် လျှပ်စစ်ဓါတ်အားပေးလိုင်းစီမံကိန်းတစ်ခု အကောင်အထည်ဖေါ်ဖို့ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။