ကျောက်ဖြူမှာ စက်လှေ မီးလောင်နစ်မြုပ်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ ဦးကင်းကျေးရွာအုပ်စု ကုလားဘာတောင်ကျေးရွာ အလှူပွဲကို သွားရောက်တဲ့ စက်လှေတစ်စီး ဒီနေ့ နေ့လည်က မီးလောင်နစ်မြုပ်ခဲ့ရာမှာ အမျိုးသမီး ၄ ဦးနဲ့ ကလေး ၂ ဦး သေဆုံးခဲ့ပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ ဦးကင်းကျေးရွာအုပ်စု ကုလားဘာတောင်ကျေးရွာ အလှူပွဲကို သွားရောက်တဲ့ စက်လှေတစ်စီး ဒီနေ့ နေ့လည်က မီးလောင်နစ်မြုပ်ခဲ့ရာမှာ အမျိုးသမီး ၄ ဦးနဲ့ ကလေး ၂ ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသွားတဲ့ အလောင်းတွေကို မြို့နယ်တာဝန်ရှိသူတွေက ကျောက်ဖြူမြို့ကို သယ်ယူသွားတယ်လို့ စက်လှေနစ်မြုပ်ရာမှာ ကယ်ဆယ်ရေးဆောင်ရွက်ခဲ့တဲ့ စိုင်ခြုံကျေးရွာက ကိုေအောင်သန်း ကပြောပါတယ်။

"အမျိုးသမီး ၄ ယောက်၊ ကလေးက ၄ ယောက်၊ ၆ နှစ်အရွယ် ၁ ယောက်ရယ်၊ ၁၂ နှစ်အရွယ် ၁ ယောက်ရယ် စုစုပေါင်း ၆ ယောက်ပေါ့၊ မြို့နယ်ကလာပြီး ရဲတွေ၊ အထွေထွေအုပ်ချုပ်ရေးတွေလာပြီး အလောင်းတွေကို သယ်ဆောင်ပြီး ကျောက်ဖြူကိုသွားဖို့ စီစဉ်နေတယ်"

အဲဒီစက်လှေဟာ ဦးကင်းကျေးရွာအုပ်စု ကုလားဘာတောင်ကျေးရွာကိုအသွား သစ်ပုပ်တောင် ရေတပ်စခန်း ဌာနချုပ်အနီးမှာ အင်ဂျင်စက်ခန်းကနေတဆင့် မီးစတင်လောင်ကျွမ်းပြီး နစ်မြုပ်ခဲ့တာလို့ ပြောပါတယ်။

အဲဒီစက်လှေမှာ လူ ၁၅ ဦး လိုက်ပါလာတာဖြစ်ပြီး ကျန်လူ ၉ ဦးကိုတော့ အချိန်မီကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org