ပြည်တွင်းစစ်ကြောင့် ကျောက်ဖြူ ပိုက်လိုင်း ထိခိုက်နိုင်

မြန်မာနိုင်ငံ ကျောက်ဖြူကနေ တရုတ်ပြည် ယူနန်ပြည်နယ်ကို သွယ်တန်းထားတဲ့ ရေနံ စိမ်းပိုက်လိုင်းမှာ လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေရဲ့ ဘေးရန်နဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင် တဲ့ ဘေးရန်တွေ ပေါ်ပေါက်လာနိုင်တယ်လို့ South China Morning Post သတင်းစာက ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံ ကျောက်ဖြူကနေ တရုတ်ပြည် ယူနန်ပြည်နယ်ကို သွယ်တန်းထားတဲ့ ရေနံစိမ်းပိုက်လိုင်း တနေရာကို တွေ့ရစဉ် Photo: Min Thein Aung/RFA

မြန်မာနိုင်ငံ ကျောက်ဖြူကနေ တရုတ်ပြည် ယူနန်ပြည်နယ်ကို သွယ်တန်းထားတဲ့ ရေနံစိမ်းပိုက်လိုင်းမှာ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေရဲ့ ဘေးရန်နဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်တဲ့ ဘေးရန်တွေ ပေါ်ပေါက်လာနိုင်တယ်လို့ South China Morning Post သတင်းစာက ဖေါ်ပြပါတယ်။

ပိုက်လိုင်းဖြတ်သန်းရာ မြန်မာပြည်မြောက်ပိုင်းမှာ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရစစ်တပ်ကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး၊ မြန်မာနိုင်ငံသားတွေ နယ်စပ်ကိုဖြတ်ပြီး တရုတ်ပြည်ဘက် ထွက်ပြေးခိုလှုံနေကြရပါတယ် ။ တိုက်ပွဲတွေပြင်းထန်တဲ့အခါ ပိုက်လိုင်းကနေ ရေနံပို့လွှတ်တာ ရပ်ဆိုင်းထားရနိုင်ရုံ သာမက၊ လုံးဝရပ်လိုက် ရတဲ့အထိ ဖြစ်သွားနိုင်တယ်လို့ ဟောင်ကောင် ဘက်ပတစ် တက္ကသိုလ်၊  နိုင်ငံတကာ လေ့လာရေးဌာနက သုတေသီတစ်ဦးက ပြောပါတယ်။

အခုတလော မြန်မာဘက်က လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေအပေါ် တရုတ်အစိုးရရဲ့ ဆက်ဆံရေး အေးစက်လာ တာကြောင့်၊ အဲဒီအဖွဲ့တွေက ပိုက်လိုင်းကို တိုက်ရိုက်တိုက်ခိုက်မှာမဟုတ်ဘဲ၊ အစိုးရနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ နည်းလမ်း ကို သုံးစွဲပြီး၊ ပိုက်လိုင်းအလုပ်ထိခိုက်အောင် လုပ်လာနိုင်တယ်လို့လည်း ပြောပါတယ်။

MNDAA ကိုးကန့်အဖွဲ့ဆိုရင် တရုတ်ပြည်က စိုက်ပျိုးရေးဘဏ်တစ်ခုမှာ ငွေစာရင်းဖွင့်ထားတာပါ။  ပြီးခဲ့တဲ့လ ကတော့ MNDAA ရဲ့ ငွေစာရင်းကို အဲဒီဘဏ်က လက်မခံတော့ပါဘူး။

လန်ဒန်တက္ကသိုလ်က အရှေ့တောင်အာရှဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးကလည်း တရုတ်ရေနံပိုက်လိုင်း အလုပ်လုပ်နိုင်စွမ်းဟာ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ တိုးတက်မှုအခြေအနေအပေါ် မူတည်နေတယ်လို့ ပြောဆိုပါတယ်။

နောက်ထပ်ပြဿနာတစ်ခုကတော့ တရုတ်အစိုးရအနေနဲ့ ပိုက်လိုင်းကနေ ရေနံတွေ စိမ့်ထွက်တာမျိုူးလို သဘာဝ ပတ်ဝန်းကျင်ထိခိုက်မယ့် အဖြစ်မျိုးတွေကို ထိန်းသိမ်းကာကွယ်ဖို့ လိုအပ်ကြောင်း၊ အဲသလိုဖြစ်လာရင် ဒေသ ခံတွေရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်းလည်း သတိပေးလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org