ဗိုလ်ချုပ်အထ္တုပ္ပတ္တိ ရိုက်ဖို့ ကျော်သူက ရုပ်ရှင်ကုမ္ပဏီ လှူမယ်

ဒေါ်အောင်ဆန်းစုကြည်ထုတ်လုပ်မယ့် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားအတွက် အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကို အပြီးအပိုင် လှူဒါန်းဖို့ စီစဉ်နေတယ်လို့ အကယ်ဒမီ ရုပ်ရှင်မင်းသား ဦးကျော်သူက အာရ်အက်ဖ်အေကို ဒီကနေ့ ပြောပါတယ်။
2011-12-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က ပြုလုပ်သည့်  ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၏ ပန်းချီနှင့် ဓာတ်ပုံ အနုပညာပြပွဲတွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ (Photo: RFA)
၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က ပြုလုပ်သည့် ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၏ ပန်းချီနှင့် ဓာတ်ပုံ အနုပညာပြပွဲတွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ (Photo: RFA)
RFA

ဒီကိစ္စအတွက် ဖခင် ဦးစိန်တင်ထံက သဘောတူခွင့်ပြုချက် ရထားပြီးပြီလို့လည်း သူကဆိုပါတယ်။

အမျိုးသားရုပ်ရှင်ကုမ္ပဏီကို လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်က စတင်တည်ထောင်ခဲ့တာပါ။ ၂၀၀၆ခုနှစ်က မိမိ ဒါရိုက်တာအဖြစ် ရိုက်ကူးတဲ့ အမေ့နို့ဖိုး ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်ပြီးနောက်ပိုင်း ကုမ္ပဏီလုပ်ငန်းတွေကို ရပ်နားထားခဲ့တယ်လို့ ဦးကျော်သူက ပြောပါတယ်။ ဒါကြောင့် ထုတ်လုပ်ခွင့်သက်တမ်း ကုန်ဆုံးနေတဲ့အတွက် မလှူခင် သက်ဆိုင်ရာကို ဒဏ်ကြေးတွေ ပေးဆောင်ရဦးမယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအတွက် အဖွဲ့ဝင် ၁၁ ဦးပါ ကော်မတီကို ဖွဲ့စည်းထားပြီး ဦးကျော်သူကို ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ဖို့ ကမ်းလှမ်းထားပါတယ်။

ဇာတ်ကားကို သုံးနှစ်လောက် အချိန်ယူ ရိုက်ကူးမှာဖြစ်ပြီး ၂၀၁၅ ခု ဖေဖေါ်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့မှာ ရုံတင်ပြသနိုင်ဖို့ စီစဉ်ထားပါတယ်။

ကွန်မင့်များ (4)
Share

akar

အမေစုကျန်မာပါစေ။အမေစုသက်ဆုံတိုင်အပြုံများစွာဖြစ်၇င်ဆိုင်နိုင်ပါစေ။

Dec 30, 2012 04:37 AM

အမည်မဖော်လိုသူ

မျောက်ပြပြီး ဆန်တောင်းမစားပါနဲ့ ဒေါ်စု ..ဖခင်ရဲ့ဇာတ်ရုပ်ကို အမှန်တိုင်း သေသေချာချာ ပီပီပြင်ပြင် ရိုက်ပါ.. ကျေးဇူးတင်ပါတယ် .

Mar 29, 2012 04:44 AM

အမည်မဖော်လိုသူ

အမေစု ကျန်းမာပါစေ။လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အထ္တုပ္ပတ္တိ ရုပ်ရှင်ဇာတ်ဧ။် အဓိကဗိုလ်ချုပ်ဇာတ်ကောင်အား ပီပြင်စေချင်ပါသည်။်ဇာတ်ကောင်ဧ။်သရုပ်ဆောင်မှုကြောင့်ဗိုလ်ချုပ်ဂုဏ်ပုဒ်အားမထိစေလို။ဦးကျော်သူ ကျေးဇူးအထူးတင်သည်။

Dec 30, 2011 09:28 AM

အမည်မဖော်လိုသူ

This is a very brave and wise decision to do these two important things; movie for General Aungsun and donation of Amyotha company for the task

Dec 29, 2011 12:04 AM

ဆိုက်တခုလုံးသို့