အသိမ်းခံမြေအတွက် လျော်ကြေး အပြည့်အဝမရ

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေ စတင်ဆောက်ရွက်နေရာမှာ ဒေသခံ ထိန်ကြီးရွာက ရွာသားတွေပိုင်တဲ့ မြေတွေကို လျော်ကြေး အပြည့်အဝမပေးဘဲ၊ ဥယျာဉ် ခြံမြေတွေကို စက်ယန္တရားတွေနဲ့ စတင် ရှင်းလင်းနေကြောင်း ထိန်ကြီးရွာသားတွေက ပြောဆိုပါတယ်။

2012.03.23
tavoy-map-305 ရေနက်ဆိပ်ကမ်း ဆောက်လုပ်မည့် ထားဝယ်မြို့ (Tavoy) တည်နေရာကို မြန်မာပြည် မြေပုံပေါ်တွင် ခရမ်းရောင် စက်ဝိုင်းဖြင့် ပြထားပါသည်။
Image: RFA

အဲဒီ ကုမ္ပဏီတွေထဲမှာ ရုပ်ရှင်သရုပ်ဆောင် လွင်မိုးပိုင်တဲ့ ဝါဝင်းကုမ္ပဏီနဲ့ ဦးဇော်ဇော်ပိုင်တဲ့ မက်စ် မြန်မာကုမ္ပဏီတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်က လျော်ကြေးငွေ အပြည့်အ၀ ပေးချေခြင်း မရှိသေးဘဲ ဦးလွင်မိုးပိုင် ဝါဝင်းကုမ္ပဏီက ဘူဒိုဇာနဲ့ အထိုးခံခဲ့ရတဲ့ ခြံမြေတွေရှိတဲ့ အကြောင်းကို ထိန်ကြီးရွာသားက အခုလိုပြောပါတယ်။

ဥယျာဉ် ခြံမြေတွေကိုတစ်ဧကကို ကျပ် ၅ သိန်း လျော်ကြေးပေးပြီး၊ ဥယျာဉ် ခြံမြေအတွင်းက အပင်တွေကို၊ တစ်ပင်ချင်း တန်ဖိုးဖြတ်ပေးတယ်လို့ သိရပါတယ်။ ဒါပေမယ့် ၁၀ ဧက ရှိသူကို ၆ ဧကစာပဲ ပေးတာမျိုးလည်းရှိကြောင်း၊ သွားတောင်းတဲ့အခါ ပေးပြီးကြောင်း၊ ငြင်းဆိုတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဆင်းရဲနွမ်းပါးသူတွေ၊ မသိနားမလည်သူတွေကို ဈေးနှိမ်ပေးတာတွေလည်း ရှိတယ်ဆိုပါတယ်။ အခုလို မြေတွေကို လျော်ကြေးပေးဖို့ ကိစ္စမှာ ကျေးရွာလူကြီးတွေ၊ ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ နေပြည်တော်က ခန့်အပ်ထားတဲ့၊ တာဝန်ရှိသူ အရာရှိတစ်ဦးလည်း၊ ပါဝင်ဆုံးဖြတ် လုပ်ကိုင်ပေးနေတာ ဖြစ်တယ်လို့ ထိန်ကြီးရွာသားက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။