လက်ပံတန်းမှာ ဆန္ဒပြ ကျောင်း သား ကျောင်းသူ ၅ ဦး ဖမ်းဆီးခံရ
လက်ပံတန်းမြို့ ပင်မသပိတ်စခန်းကနေထွက်ပြီး လက်ပံတန်းမြို့ဈေးအနီးမှာ ဒီနေ့မနက်က ဆန္ဒပြ ခဲ့တဲ့ ကျောင်းသား ၄ ဦးနဲ့ ကျောင်းသူ ၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး သာယာဝတီမြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။
-
2015-03-06 -
-
-
လက်ပံတန်းမြို့ဈေးအနီးမှာ မတ်လ ၆ ရက်နေ့မနက်က ဆန္ဒပြခဲ့တဲ့ ကျောင်းသား ၄ ဦးနဲ့ ကျောင်းသူ ၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ်
Photo: Kyaw Zaw Win/RFA
လက်ပံတန်းမြို့ ပင်မသပိတ်စခန်းကနေထွက်ပြီး လက်ပံတန်းမြို့ဈေးအနီးမှာ ဒီနေ့မနက်က ဆန္ဒပြခဲ့တဲ့ ကျောင်းသား ၄ ဦးနဲ့ ကျောင်းသူ ၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး သာယာဝတီမြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။
အခုအချိန်ထိ ပုဒ်မတပ်အရေးယူတာ မရှိသေးဘူးလို့ သာယာဝတီ ရဲစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ ဆန္ဒပြကျောင်းသား တစ်ဦးဖြစ်သူ ကိုအောင်မင်းခန့် ကပြောပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသူ၊ကျောင်းသား ၅ ဦးဟာ လက်ပံတန်းမြို့က သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က ပိတ်ဆို့ထားတာကို ဖယ်ရှားပေးဖို့ ၊ မနေ့က ရန်ကုန်မှာ ကျောင်းသူ ကျောင်းသားတွေ အင်အားသုံးဖြိုခွင်းခံရတာကို ဒေသခံတွေသိရှိပြီး ဝန်းရံပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။