လောက်ကိုင်က စစ်ဗိုလ်မှူးချုပ် သုံးဦးကို သေဒဏ်ချမှတ်
လောက်ကိုင်က တိုက်ပွဲတွေအတွင်း လက်နက်ချခဲ့တဲ့ ဗိုလ်မှူးချုပ် သုံးယောက်ကို စစ်ကောင်စီက သေဒဏ်ချမှတ်လိုက်ပြီလို့ AFP မှာ ဒီနေ့ဖော်ပြပါတယ်။
-
RFA Burmese
2024-02-19 -
-
-
လောက်ကိုင်မြို့တွင် လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ သွားလိုသည့်နေရာကို ပို့ဆောင်ပေးရန် ပြင်ဆင်နေသည်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့က တွေ့ရစဉ်။
Operation 1027-3BHA via X
တရုတ်နိုင်ငံနယ်စပ် ရှမ်းပြည်နယ် လောက်ကိုင်က တိုက်ပွဲတွေအတွင်း လက်နက်ချခဲ့တဲ့ ဗိုလ်မှူးချုပ် သုံးယောက်ကို စစ်ကောင်စီက သေဒဏ်ချမှတ်လိုက်ပြီလို့ AFP မှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဖော်ပြပါတယ်။
လောက်ကိုင်မြို့ တိုင်းမှူးအပါအဝင် သုံးဦးကို သေဒဏ်ချမှတ်လိုက်တာလို့ စစ်တပ်သတင်းရင်းမြစ်တွေကို ကိုးကားပြီး သတင်းက ဖော်ပြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ စစ်ကောင်စီတပ်သား အလုံးအရင်း လက်နက်ချ အညံ့ခံခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို လက်နက်ချအညံ့ခံတာနဲ့ ပတ်သက်လို့ စစ်ကောင်စီက အဲဒီဒေသမှာ တာဝန်ရှိသူတွေကို သေဒဏ်အထိချမှတ် အပြစ်ပေးနေတာ ဖြစ်ပါတယ်။
ဒီသေဒဏ်ချမှတ်လိုက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ဘာမှထုတ်ပြန်တာ မရှိသေးပါဘူး။