ပညာရေးသပိတ် သုံးလပြည့် အခမ်းအနား ကျင်းပခွင့်မရ


2015.06.08
letpadan-students-620.jpg ပဲခူးတိုင်း၊ လက်ပံတန်းမြို့ အောင်မြေဗိမာန် ဘုန်းကြီးကျောင်းကနေ မတ်လ ၂ ရက်နေ့က ရန်ကုန်မြို့ကို ချီတက်လာ မယ့် ကျောင်းသားသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားစဉ်
Photo: Kyaw Zaw Win/RFA

လာမယ့် ဇွန်လ ၁၀ ရက်နေ့မှာ လက်ပံတန်းကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရမှု သုံးလပြည့် အထိမ်းအမှတ်နဲ့ မိတ္ထီလာမြို့မှာ ဆန္ဒပြဖို့ ခွင့်ပြုမိန့်တင်ခဲ့ရာမှာ မြို့နယ်ရဲတပ်ဖွဲ့က ပယ်ချလိုက်ပါတယ်။

မိတ္ထီလာမြို့မှာ မနက်ဖြန်ကစပြီး သံဃာတွေ စာမေးပွဲဖြေဆိုရမှာဖြစ်တဲ့အတွက် ဆန္ဒပြပွဲကို ခွင့်မပြုကြောင်း ရဲတပ်ဖွဲ့က အကြောင်းပြန်တယ်လို့ ခွင့်ပြုမိန့်တင်ခဲ့တဲ့ မြို့ခံ ကိုသီဟက ပြောပါတယ်။

"အဖမ်းဆီးခံကျောင်းသားနဲ့ ဝန်းရံပြည်သူတွေ ပြန်လွှတ်မြောက်ဖို့ အဓိကခေါင်းစဉ်အနေနဲ့ တင်ပြီးတော့မှ သူတို့ကိုတင်လိုက်တာခင်ဗျ၊ မိတ္ထီလာမြို့မှာ သံဃာတွေ စာမေးပွဲဖြေနေတဲ့ဟာကို အကြောင်းပြပြီး ငြင်းပယ် လိုက်တာဗျ၊ ၄၈ နာရီအတွင်း အကြောင်းပြန်ရမယ့်ဟာကို ၄ ရက်နေ့တင်ထားတဲ့ဟာကို ဒီနေ့ကျမှ မြို့နယ်အုပ်ချုပ်ရေးမှူး သဘောထားမှတ်ချက်နဲ့ ငြင်းပယ်ရတယ်ဆိုတဲ့ဟာကို ထုတ်ပြောတယ်"

ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရမှုကို ကန့်ကွက်ကြောင်းနဲ့ ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးဖို့ အတွက် မိတ္ထီလာမြို့မှာ မြို့ခံတွေ၊ ကျောင်းသားမိဘတွေနဲ့ တက်ကြွလှုပ်ရှားသူ ၁၀၀ လောက်က လာမယ့် ဇွန်လ ၁၀ရက်နေ့မှာ ဆန္ဒပြဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။