အာဃာတနဲ့ တရားစွဲတာလို့ လန်ဒန်ဆရာတော် မိန့်ကြား

2015-06-05
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လန်ဒန်ဆရာတော် ဦးဥတ္တရကို ဒီဇင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်
လန်ဒန်ဆရာတော် ဦးဥတ္တရကို ဒီဇင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရန်ကုန်မြို့ မဟာသန္တိသုခကျောင်းတိုက်ပိုင်ဆိုင်မှု အငြင်းပွားရာမှာ အာဂန္တု သံဃာတော် ငါးပါးကို တရားစွဲဆိုတာဟာ အာဃာတတွေပါနေကြောင်း တရားစွဲခံထားရတဲ့ လန်ဒန်ဆရာတော် ဦးဥတ္တရက သတင်းစာရှင်းလင်းပွဲမှာ မိန့်ပါတယ်။

ဒီနေ့ တာမွေမြို့နယ် တရားရုံးချိန်းအပြီး သတင်းမီဒီယာတွေကို ဆရာတော် ဦးဥတ္တရက မိန့်ကြားခဲ့တာဖြစ်ပါတယ်။

"မဟာသန္တိသုခကျောင်းရဲ့ ပိုင်ဆိုင်မှုအငြင်းပွားနေတာက ပီနန်ဆရာတော်ကြီးရဲ့ (မဟန)ပေါ့နော်၊ သူတို့နှစ်ဦးက တရားစွဲဆိုမှုတွေနဲ့ ဆုံးဖြတ်တွေနဲ့ ဘာမှမလုပ်ပဲနဲ့ ဘုန်းကြီးတို့က ဘာမှမဆိုင်ပဲနဲ့ အာဂန္တုလို နေရုံနေတဲ့အတွက်ကြောင့် ဒီအမှုနဲ့မသက်ဆိုင်ပဲနဲ့ တရားစွဲခံနေရတာက ဥပဒေကြောင်း အရရော ဖြစ်ရပ်မှန်အရရော မှားနေတယ်လို့၊ ဒီလိုဖြစ်သွားတဲ့ကိစ္စမှာ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က ဆရာတော်တွေဟာ ဘုန်းကြီးတို့ကို ထောင်ချဖို့အတွက် လူဖြစ်ဖို့အတွက်ပဲ အာဃာတတရားတွေနဲ့ပဲ ဘုန်းကြီးတို့ကိုပြောနေတယ်"

မဟာသန္တိသုခကျောင်းတိုက်ကို ဘယ်သူပိုင်သလဲဆိုတာနဲ့ ပတ်သက်ပြီး ပီနန်ဆရာတော် ဦးပညာဝံသ နဲ့ နိုင်ငံတော်သံဃာ့မဟာနာယက (မဟန) တို့အကြား အခုချိန်ထိ ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။

အဲ့ဒီမှာ အာဂန္တုအဖြစ် သီတင်းသုံးခဲ့တဲ့ လန်ဒန်ဆရာတော်နဲ့ တခြားသံဃာ ၄ ပါးကို ၂ဝ၁၄ ခုနှစ် ဇွန်လ ၁ဝ ရက်နေ့ညက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ထောင်တွင်းမှာ လူဝတ်လဲခဲ့ပါတယ်။ အာမခံရပြီး ပထမဆုံး ရုံးထုတ်ချိန်မှာ သင်္ဃန်းပြန်စီးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် သာသနာတော်ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က) ၊ သံဃာအဖွဲ့အစည်း စကားနားမထောင်မှု ၂ဝ/၉ဝ တို့နဲ့ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှူး ဦးစိန်မော်က တရားလိုလုပ်ပြီး တာမွေမြို့နယ်တရားရုံးမှာ တရားစွဲထားတာ ဖြစ်ပါတယ်။

ကွန်မင့်များ (3)
Share

Thant Zin

နေရပ်- Myanmar

အာဏာရှင် ကို ဆန့် ကျင်သူ ဆို ဘုန်းကြီး ရဟန်းဖြစ်ရင် မဟန မဘသ သုံးပြီး ဖြိုခွင်းမှာပဲ။ နိုင်ငံရေးပါတီ ဘာသာရေး အသုံးမချရ ပြောပြီး မဟန မဘသ မွေးပြီး ဘာသာရေး အသုံးချတာလဲ သူတို့ ပဲ။ ရဟန်းသင်္ဃာတွေ နိုင်ငံေ၇း ကင်းရှင်းရမယ် ပြောပြီး မဘသ ဘာလုပ်လုပ် လက်ခံနေတာလဲ သူတို့ ပဲ။ ဒီမို တွေ ထောင်ကျ ရင် အတူတူ လိုက် ကျ တောခိုရင် အတူ လိုက်တောခို ပြည်ပြေးရင် အတူလိုက်ပြေးတဲ့ အာဏာရှင်တွေ လွန်ခဲ့တဲ့ အနှစ် ၄၀ လောက်ထည်းက တန်ပြန် အဖျက်လုပ်ငန်းလုပ်ဖို့  မွေးပြီး နေရာ အသီးသီး မှာထည့်ထား တာ တွေ ရှိတယ်။ ဒါကို အထက် လူကြီး ၄ ၅ ယောက်လောက်ပဲ သိတယ်။

Jun 05, 2015 08:03 PM

အမှန်မြင်

နေရပ်- အမြင်မှန်

ပီနန်ဆရာတော်က နိုင်ငံခြားမှာ ရှိနေပြီး လွတ်လပ်စွာ ပြောဆို
နိုင်ပါရက်နဲ့ ဘာလို့ နှုတ်ဆိတ်နေပါသလဲ။ သူနဲ့ ဗိုခင်ညွန့်တို့ကြား ဘာတွေကတိက၀တ်ရှိပြီး ဘာတွေသဘော တူခဲ့သလဲဆိုတာ “ဖွင့်”ပြောသင့်ပါပြီ။ လန်ဒန်ကိုယ်တော်ကို “ထိုးကျွေး”ပြီး တန်ဆာခံ မလုပ်သင့်ပါဘူး။

Jun 05, 2015 03:00 PM

အမည်မဖော်လိုသူ

“အာဃာတ”ဆိုတာ (ပေါ့ ရင် - မကျေနပ်မှု ၊ လေးရင် - ရန်ညှိုးး)လို့ အဓိပ္ပါယ်ရပါတယ်။ ပီနန် က မဟန ကို အာဃာတ ထားနေတာပါ။ လန်ဒန်ဘုန်းကြီးက ပီနန် ရဲ့ “တန်ဆာခံ“ ဖြစ်နေမှန်း သိသင့်ပါတယ်။

Jun 05, 2015 02:09 PM

ဆိုက်တခုလုံးသို့