လန်ဒန် စီးကရက် ပြန်လာတော့မည်


2013.07.08

မြန်မာနိုင်ငံမှာ လန်ဒန်စီးကရက် ထုတ်လုပ်ဖြန့်ချိခဲ့တဲ့ BAT ခေါ် ဗြိတိသျှ အမေရိကန် ဆေးရွက်ကြီးကုမ္ပဏီ ဟာ မြန်မာပြည်ဈေးကွက်ကို ပြန်လည်ဝင်ရောက် လာတော့မယ်လို့သိရပါတယ်။ BAT ဟာ မြန်မာနိုင်ငံကို ၁၉၉၉ ခုနှစ် စတင်ဝင်ရောက်ခဲ့ပြီး၊ လန်ဒန်စီးကရက်လုပ်ငန်း လုပ်နေစဉ်အတွင်း စစ်အစိုးရနဲ့ အဆက်အသွယ်ရှိနေတယ် ဆိုတဲ့အချက်ကြောင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက ဖိအားပေးခဲ့ကြပါတယ်။

နောက်ဆုံး အဲဒီအချိန်က ဗြိတိန်ဝန်ကြီးချုပ် တိုနီဘလဲက BAT ကို စစ်အစိုးရနဲ့ အလုပ်လုပ်နေတဲ့အပေါ် ဝေဖန်ခဲ့တဲ့အပြင်၊ ဗြိတိန်အစိုးရရဲ့ အထူးတောင်းဆိုချက်ကြောင့် ၂ဝဝ၃ ခုနှစ်မှာ မြန်မာနိုင်ငံက ထွက်ခွာခဲ့ပါတယ်။

အဲသလို ထွက်ခွာခဲ့ပြီး ၁ဝ နှစ်ကြာတဲ့အချိန်၊ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲနေပြီ နော်ဝေ တယ်လီနာလို ဥရောပကုမ္ပဏီတွေ ဆက်သွယ်ရေးလုပ်ငန်းလုပ်ခွင့်ရနေချိန်မှာ BAT ပြန်လည်ဝင်ရောက်ဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လန်ဒန်စီးကရက် ပြန်ထုတ်ဖို့ အမေရိကန်ဒေါ်လာ သန်း ၅ဝ မတည်ပြီး စက်ရုံထောင်မယ်လို့ BAT က ပြောပါတယ်။ BAT အနေနဲ့ ပြည်တွင်းက စိန်ဝတ်မှုန် လုပ်ငန်းအုပ်စုရဲ့ လက်ခွဲတစ်ခုဖြစ်တဲ့ IMU အင်တာပရိုက်စ်နဲ့ အကျိုးတူဖက်စပ်ဆောင်ရွက်မယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။