ကြေးနီစီမံကိန်းကနေ ၈ လအတွင်း အမေရိကန်ဒေါ်လာ သန်း ၂၀ နီးပါး အကျိုးအမြတ်ရရှိ

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး မြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကနေ ၈ လအတွင်း နိုင်ငံအတွက် အမေရိကန်ဒေါ် လာ သန်း ၂၀ နီးပါး အကျိုးအမြတ်ရရှိထားကြောင်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကနေ ၈ လ အတွင်း နိုင်ငံအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ နီးပါး အကျိုးအမြတ်ရရှိထားကြောင်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် အစိုးရ၊ ဦးပိုင်ကုမ္ပဏီနဲ့ ဝမ်ပေါင်ကုမ္ပဏီတို့အကြား စာချုပ်အသစ် ချုပ်ဆိုပြီးနောက် နိုင်ငံတော်ကရရှိတဲ့ အကျိုးအမြတ်နဲ့ ပတ်သက်ပြီး မြိုင်မြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ခင်ဝင်း က ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းဟာ ၂၀၁၆ ခုနှစ် မေလကမှ စီးပွားဖြစ်ထုတ်လုပ်မှု စတင်ခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလကုန်အထိ ၈ လအတွင်း အမေရိကန်ဒေါ်လာ သန်း ၂၀ နီးပါး ရရှိခဲ့တာဖြစ်ပါတယ်။

လက်ပံတောင်းတောင်ကြေးနီးစီမံကိန်းနဲ့ ပတ်သက်ပြီး သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ် (၁) သတ္တုတွင်း လုပ်ငန်း၊ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်၊ တရုတ်နိုင်ငံ က ဝမ်ပေါင်ကုမ္ပဏီတို့ ၂၀၁၃ ခုနှစ် ဇူလိုင်လက စာချုပ်ကိုပြင်ဆင်ချုပ်ဆိုခဲ့တာ ဖြစ်ပြီး အကျိုးအမြတ်အဖြစ် နိုင်ငံတော်က ၅၁ ရာခိုင်နှုန်း ၊ ဝမ်ပေါင်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်းနဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်က ၁၉ ရာခိုင်နှုန်း ခွဲဝေရရှိတာဖြစ်ပါတယ်။

စီမံကိန်းအတွက် သတ္တုတွင်း ထူထောင်မှုကာလကို ၃ နှစ်အထိ သတ်မှတ်ခဲ့ပေမယ့် ဒေသခံနဲ့ အဆင်မပြေ တာကြောင့် စီမံကိန်းလုပ်ငန်းတွေ ကြန့်ကြာခဲ့တဲ့အတွက် သတ္တုတွင်း ထူထောင်မှု ကာလဟာ ၆ နှစ်ကျော် ကြာသွားကြောင်းနဲ့ စီးပွားဖြစ်ထုတ်လုပ်မှုကာလကို ၂၀၁၆ ခုနှစ် မေလမှ စတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org