လက်ပံတောင်းဒေသခံ ၂ ဦးကို ရဲ အမှုဖွင့်


2016.05.06
lpt-protest-620.jpg လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန္ဒပြနေကြတဲ့ ဒေသခံတွေကို မေလ ၆ ရက်နေ့က တွေ့ရစဉ်
Photo: Phoe La Min

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန္ဒပြနေကြတဲ့ ဒေသခံတွေထဲက ၂ ဦးကို ဆားလင်းကြီးမြို့နယ် ရဲစခန်းက ပုဒ်မ ၁၈ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ အကျိုးဖျက်ဆီးမှု ပုဒ်မ ၁၄၇ တို့နဲ့ ဒီကနေ့ အမှုဖွင့်လိုက်ပါတယ်။

ဒေသခံ မစန္ဒာနဲ့ မမာချို တို့ကို အမှုဖွင့်ထားတာဖြစ်တယ်လို့ ဆားလင်းကြီးမြို့မ ရဲစခန်းက တပ်ကြပ်ကြီး သန်းညွှန့်က ပြောပါတယ်။

ဒီကနေ့ ဒေသခံတွေက ဆက်လက်ဆန္ဒပြကြရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

မေလ ၄ ရက်နေ့ကစတင်ပြီး ဒေသခံ ၁ဝဝ ကျော်က နေ့စဉ် ဝမ်ပေါင်ကုမ္ပဏီရုံးရှေ့ကို သွားရောက် ဆန္ဒပြနေကြတာဟာ ဒီနေ့နဲ့ဆိုရင် ၃ ရက်မြောက်ရှိပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။