မန္တလေးနဲ့ကရင်ပြည်နယ်မှာ မဘသ ဆက်ရပ်တည်ဖို့ စာတင်ထား

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) အမည်မသုံးဖို့ ထုတ်ပြန်ထားတာကို မန္တလေးတိုင်းနဲ့ ကရင်ပြည်နယ်မှာ မဘသအမည် နဲ့သာ ဆက်ပြီးရပ်တည်ဖို့အတွက် ပြည်ထဲရေး ဝန်ကြီးဌာနကို စာပေးပို့ထားတယ်လို့ မန္တလေး တိုင်းဒေသကြီး သာသနာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးခင်မောင်တင့်က ပြောပါတယ်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)ရဲ့ အမှတ်တံဆိပ်ကို တွေ့ရစဉ် .

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) အမည်မသုံးဖို့ ထုတ်ပြန်ထားတာကို  မန္တလေးတိုင်းနဲ့ ကရင်ပြည်နယ်မှာ မဘသအမည် နဲ့သာ ဆက်ပြီးရပ်တည်ဖို့အတွက် ပြည်ထဲရေးဝန်ကြီးဌာနကို စာပေးပို့ထားတယ်လို့ မန္တလေးတိုင်းဒေသကြီး သာသနာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးခင်မောင်တင့်က ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနထံ ပေးပို့တဲ့စာကို သာသနာရေးမှူးရုံးအနေနဲ့ မိတ္တူလက်ခံရရှိထားတာ ဖြစ်တယ်လို့ ဦးခင်မောင်တင့်က ပြောပါတယ်။

"ပြည်ထဲရေးဝန်ကြီးဌာနဆီ ဆက်လက်ရပ်တည်ဖို့ စာတင်ထားတာတော့ ကျနော့်ဆီ မိတ္တူရောက်ပါတယ်။ မဘသနာမည်နဲ့ပဲ တည်ရှိဖို့အတွက်ကို မန္တလေးနဲ့ ကရင်က တင်တာ သတင်းရပါတယ်။ မန္တလေးက တင်တာတော့ ကျနော်တို့ဆီမှာ စာမိတ္တူရောက်နေပါပြီ"

မန္တလေးတိုင်းနဲ့ ကရင်ပြည်နယ်က မဘသအဖွဲ့တွေရဲ့ တောင်းဆိုချက်ကို ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နိုင်ငံတော် သံဃမဟာနာယက (မဟန) အဖွဲ့က ဆုံးဖြတ်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလ ၂၃ ရက်နေ့က မဘသ အမည်ကို တစ်ဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ မသုံးစွဲဖို့နဲ့ ဇွန်လ ၁၅ ရက်နေ့ ဒီနေ့ နောက်ဆုံးထားပြီး တစ်နိုင်ငံလုံးက မဘသ ဆိုင်းဘုတ်တွေကို ဖျက်သိမ်းဖို့ မဟနက ကြေညာချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

မဟန ရဲ့ ထုတ်ပြန်ချက်ကို မလိုက်နာတာတွေရှိလာရင် ပြည်ထဲရေးဝန်ကြီးဌာနက ဥပဒေအရ အရေးယူဆောင် ရွက်မှုတွေ ရှိလာနိုင်တယ်လို့လည်း ဦးခင်မောင်တင့်က ပြောပါတယ်။

မဘသဗဟိုက နိုင်ငံတော်သံဃမဟာနာယက အဖွဲ့က ကြေညာချက် ထုတ်ပြန်ပြီးနောက် မဘသကို ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းအမည်နဲ့ ပြောင်းလဲရပ်တည်မယ်လို့ ကြေညာထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org