ဘာသာရေးလူမျိုးရေးသွေးထိုး ဖန်တီးမှုတွေကို သတိထားရှောင် ကြဉ်ဖို့ မဘသတိုက်တွန်း

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသ(ဗဟို)က ထိလွယ်ရှလွယ်တဲ့ ဘာသာရေး၊ လူမျိုးရေးနဲ့ သက်ဆိုင်တဲ့ ပဋိပက္ခတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေ၊ လုပ်ကြံဖန်တီးမှုတွေကို အထူး သတိထား ရှောင်ရှားကြဖို့ မဘသအဖဲ့ွဝင်တွေကို ဒီနေ့ သတိပေးကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

မဘသအဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ ရေဘေး၊ မီးဘေး၊ လေဘေးစတဲ့ သဘာဝဘေး ဒဏ်သင့်တဲ့ လူထုတွေကို ကူညီဖို့၊ ယဉ်ကျေးမှု အသိပညာ အတတ်ပညာ တိုးတက်စေမယ့် သင်တန်းတွေကို ပို့ချပေးဖို့ စတာတွေကို ဆောင်ရွက်နေပြီးဆက်လက်ဆောင်ရွက်ဖို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မဘသအဖွဲ့အစည်းအသီးသီးကနေ လုပ်ဆောင်နေတဲ့ ပရဟိတလုပ်ငန်းတွေ၊ ကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ချက် အဆင့်ဆင့်တွေကို အများပြည်သူ နားလည်အောင် စဉ်ဆက်မပြတ် ဟောပြောရေးသားကြဖို့လည်း တိုက်တွန်းထားပါတယ်။