မြန်မာကို အာဆီယံအဖွဲ့ထဲက ထုတ်ပယ်ဖို့ ဝန်ကြီးချုပ်ဟောင်း မဟာသီယာ ပြောကြား

2015-06-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မလေးရှားဝန်ကြီးချုပ်ဟောင်း  မဟာသီယာ မိုဟာမက်ကို တွေ့ရစဉ်
မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ကို တွေ့ရစဉ်
Photo: ws.com

ရိုဟင်ဂျာမွတ်စလင်တွေကို ဖိနှိပ်နေတဲ့ မြန်မာနိုင်ငံကို အာဆီယံနိုင်ငံများအဖွဲ့ကနေ ထုတ်ပယ်သင့်တယ်လို့ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က ဒီနေ့ ပြောကြားလိုက်ပါတယ်။

မလေးရှားနိုင်ငံ ကွာလာလာမ်ပူမြို့တော်မှာ ပြုလုပ်တဲ့ ရိုဟင်ဂျာမွတ်စလင်အရေး နိုင်ငံတကာ ညီလာခံ အဖွင့်မိန့်ခွန်းမှာ မဟာသီယာက အခုလိုပြောလိုက်တာဖြစ်ပြီး မြန်မာလိုနိုင်ငံမျိုး အာဆီယံအဖွဲ့မှာ ထည့်သွင်းထားတာဟာ အဖွဲ့နာမည်ပျက်ရုံသာဖြစ်ကြောင်း၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမျိုးကို ဆက်ကျူးလွန်နေမယ်ဆိုရင် အာဆီယံအဖွဲ့ကနေ ထွက်သွားဖို့လိုကြောင်းလည်း ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံကို အရေးယူသင့်ပြီး အရေးမယူနိုင်ရင်လည်း မိမိတို့အနေနဲ့ ဖိအားပေးရ မှာ ဖြစ်တယ်လို့လည်း မဟာသီယာက ပြောပါတယ်။ သူ့အနေနဲ့ ရိုဟင်ဂျာအရေးကို ဒေါ်အောင်ဆန်းစုကြည် ကို ဆောင်ရွက်ပေးဖို့ စာရေးသားပေးခဲ့ပေမယ့် ဘာအကြောင်းပြန်ချက်မှ မရခဲ့ကြောင်း၊ ဒါ့ကြောင့် ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ ကံကြမ္မာကို ပြည်ပကသာ အကာကွယ်ပေးဖို့ ရှိတော့ကြောင်းလည်း သူက ပြောပါတယ်။

အာဆီယံရဲ့ ပြည်တွင်းရေး ဝင်မစွက်ရေးမူဝါဒဟာ အကန့်သတ်ရှိပြီး လှေစီးဒုက္ခသည်အရေး မြန်မာက မဆောင်ရွက်သရွေ့ အဆုံးသတ်ဖို့ မရှိကြောင်း၊ ပြည်တွင်းရေး ဝင်မစွက်ရေးမူဝါဒကို မြန်မာနိုင်ငံက ချိုးဖောက်နေကြောင်းလည်း မဟာသီယာက စွပ်စွဲပြောဆိုပါတယ်။

မဟာသီယာဟာ မလေးရှားနိုင်ငံခေါင်းဆောင် ဝန်ကြီးချုပ်အဖြစ်နဲ့ မြန်မာနိုင်ငံကို ၁၉၉၇ ခုနှစ်မှာ အာဆီယံအဖွဲ့ထဲဝင်ရောက်ဖို့ ဦးဆောင်လက်ခံခဲ့သူ ဖြစ်ပါတယ်။

ကွန်မင့်များ (18)
Share

Dr. Mahathih

နေရပ်- USA

I know very well about Mahathi, .He is thinking himself as Li Kwan Yew But absolutely the opposite, He is only politic(means Bureaucratic; achaun-thamar). He supported NA-WA-TA, and NA AH PHA, to become an asean member very eagerly, then he flew to Burma accompanied by 2 full Jets of his businessmen and get 2billions of business contract from military government. Now he tried again to have more multi billions from Burmese military government. His technique is press first to blackmail and then invest trillions in Burma, then occupy Burmese economy and make Burma be Muslim country. Then follow Camel Method.

Jun 21, 2015 04:13 PM

(

၁) မွတ်​စလစ်​ပီသတာ
၂) အရူးပါးလုပ်​တာ
၃)အသက်​ကြီးသွားလို့ ဆင်​ခြင်​တရားမဲ့ရူးသွားတာ။
သေချာတာတခုက​တော မဟာသီဟာရဲ့ အကျိုစီးပွားရှိ​နေတဲ့ PETRONAS ​ရေနံအဖွဲ့ကမြန်​မာပြည်​မှာရှိ​နေတာပဲ

Jun 21, 2015 04:09 PM

အမည်မဖော်လိုသူ

ရူးပီး ရိုင်းတယ်​​ခေါ်တယ်
ကိုယ့်​အဆင့်​ ကိုယ်​​ဖော်​ပြတာ

Jun 21, 2015 06:36 AM

Pyay Heinn

Dr. M is Double Minded person,which are Good and Evil minded.
He is the very good politician for the Malaysia and raised Malaysia country up from the bottom.
And he also possess EVIL minded because once he made up all kinds of bad stories and puts his deputy minister ( Anwar Ibrahim ) in the jail. Anwar Ibrahim was one of the best supporter as a student leader for Dr. M to became a Prime minister of Malaysia.
Once again he tried to sue one of the US President (G.W Bush) because of US president was breaking Muslim rights. But the case was vanished away because he is breaking his own country Muslims rights and more than half of Muslims from his own country does not like him. So watch him and judge him.
Finally Dr. M has right to say anythings he wants, but does not make any mean or sense to Country of Myanmar and People of Myanmar.

Jun 16, 2015 08:18 PM

Guy

နေရပ်- PTO

You known burmese leaders are too late,, mahadi...

Jun 14, 2015 06:29 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့