မလေးရှားက မြန်မာသံရုံး ဗုံးခွဲဖို့ စီစဉ်သူတွေ ဖမ်းမိ

မလေးရှားနိုင်ငံရှိ မြန်မာသံရုံး၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၊ ဟိန္ဒူဘုရားကျောင်းနဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေကို တိုက်ခိုက်ဖို့စီစဉ်နေတဲ့ IS အစွန်းရောက် မွတ်စလင် အကြမ်းဖက်အဖွဲ့ဝင် ၄ ဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးရရှိခဲ့ရာမှာ ၂ ဦးဟာ ရိုဟင်ဂျာတွေဖြစ်တယ်လို့ သိရှိရပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး။ Photo: Myanmar Embassy in Kuala Lumpur, Malaysia

မလေးရှားနိုင်ငံရှိ မြန်မာသံရုံး၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၊ ဟိန္ဒူဘုရားကျောင်းနဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေကို တိုက်ခိုက်ဖို့စီစဉ်နေတဲ့ IS အစွန်းရောက် မွတ်စလင် အကြမ်းဖက်အဖွဲ့ဝင် ၄ ဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးရရှိခဲ့ရာမှာ ၂ ဦးဟာ ရိုဟင်ဂျာတွေဖြစ်တယ်လို့ သိရှိရပါတယ်။

အဲဒီ ရိုဟင်ဂျာ ၂ ဦးအနက် ၁ ဦးဟာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပေးထားတဲ့ ကတ်ပြား ကိုင်ဆောင်ထားကြောင်းနဲ့ အာဆာ ARSA ရိုဟင်ဂျာအဖွဲ့ကို ထောက်ခံသူဖြစ်တယ်လို့ ဝန်ခံခဲ့ကြောင်းလည်း မလေးရှားရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီ အသက် ၂ဝ ရှိတဲ့ ရိုဟင်ဂျာလူငယ်ဟာ ကွာလာလမ်ပူမြို့က မြန်မာသံရုံးကို တိုက်ခိုက်ဖို့ စီစဉ်နေတာဖြစ်ပြီး နောက် ရိုဟင်ဂျာတဦးကတော့ အသက်၂၅ နှစ်ရှိပြီး IS အဖွဲ့ရဲ့ အမာခံ အလုပ်သမား တဦးဖြစ်တယ်လို့ ဆိုပါတယ်။ ကျန် ၂ ဦးကတော့ မလေးရှားနဲ့ အင်ဒိုနီးရှားလူမျိုးတွေဖြစ်ကြတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org