ရိုဟင်ဂျာအရေး မလေးရှားမှာ ဆွေးနွေးမယ်

မြန်မာနိုင်ငံ ရခိုင်ဒေသက ရိုဟင်ဂျာ မွတ်စလင်တွေအရေးနဲ့ ပတ်သက်ပြီး လာမယ့် ကြာသပတေးနေ့မှာ အစ္စလာ မ္မစ် ကောင်စီ OIC အဖွဲ့ဝင်နိုင်ငံများက နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အရေးပေါ်အစည်းအဝေးတရပ်ကို မလေး ရှားနိုင်ငံ ကွာလာလန်ပူမြို့မှာ ကျင်းပမှာဖြစ်ပါတယ်လို့ OIC အဖွဲ့ကက ကြေညာချက်တစောင် ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်က မွတ်စလင်တွေကို တွေ့ရစဉ်

မြန်မာနိုင်ငံ ရခိုင်ဒေသက ရိုဟင်ဂျာ မွတ်စလင်တွေအရေးနဲ့ ပတ်သက်ပြီး လာမယ့် ကြာသပတေးနေ့မှာ အစ္စလာမ္မစ် ကောင်စီ OIC အဖွဲ့ဝင်နိုင်ငံများက နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အရေးပေါ်အစည်းအဝေးတရပ်ကို မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့မှာ ကျင်းပမှာဖြစ်ပါတယ်လို့ OIC အဖွဲ့ကက ကြေညာချက်တစောင် ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာ ဒီအစည်းအဝေးမှာ မြန်မာအစိုးရကို ကို OIC အဖွဲ့နဲ့အတူ အပြည်ပြည် ဆိုင်ရာမိသားစုက ပေးပို့မယ့် လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီတွေ တင်ပို့နိုင်ခွင့်အတွက် တိုက်တွန်း ဖို့ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

အခုပြုလုပ်မယ့်အစည်းအဝေးကို အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျဗတ် ဇာရာဇ် တက်ရောက်မှာဖြစ်ပါတယ်။ သူဟာ ဇန်နဝါရီလ ၇ ရက်နေ့က ကုသလမဂ္ဂ အထွေထွေအအတွင်းရေးမှူး အသစ် Antonio Guterres ထံကို ရခိုင်ဒေသက ရိုဟင်ဂျာတွေအရေးကို စာရေးသားအသိပေးခဲ့ပြီး အခြေအနေတွေကို အပြောင်းအလဲလုပ်ဖို့ တိုက်တွန်းခဲ့သူဖြစ်ပါတယ်။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org