မြန်မာအစိုးရ သဘောထား မလေးရှား ဝန်ကြီးချုပ်ဟောင်း အကောင်းမြင်
ရိုဟင်ဂျာ မူဆလင်တွေကို နိုင်ငံတကာ လူ့အခွင့်အရေး စံချိန် စံညွှန်းတွေနဲ့အညီ လက်ခံရေးနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရ ခေါင်းဆောင်တွေဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ သဘောထားအမြင်တွေကို နားထောင်လိုစိတ် ရှိပါတယ်လို့ မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က အကောင်းမြင်စကား ပြောကြားလိုက်ပါတယ်။
-
2012-08-15 -
-
-
မလေးရှား ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာမိုဟာမက်ကို ၂၀၀၈ ခုနှစ်က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စကားပြောဆိုနေစဉ် တွေ့ရပုံ။
UN
ကွာလာလမ်ပူမြို့တော်မှာ မနေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ - လက်ရှိ မြန်မာခေါင်းဆောင်တွေဟာ အရင် ခေါင်းဆောင်တွေနဲ့ ရပ်တည်ချက် သဘောထားချင်း မတူညီဘူးဆိုတာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်က ပြသနေပါတယ်။
ရိုဟင်ဂျာတွေကို လက်ခံရေး လုပ်ငန်းစဉ်ဟာ အချိန်အတန်ကြာ ယူရမှာဖြစ်ပေမဲ့ နောက်ဆုံးမှာတော့ မြန်မာအစိုးရဟာ ရိုဟင်ဂျာတွေကို လက်ခံလာမှာပါလို့ မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က ပြောသွားခဲ့ပါတယ်။