လူမျိုးတုန်းအောင်လုပ်ဆောင် ဟု မြန်မာကို မလေးရှား ပြောကြား

မြန်မာအစိုးရက ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာ လူမျိုးအုပ်စုတစ်ခုထဲကိုကွက်ပြီး တိုင်းပြည်တွင်းက မောင်းထုတ်နေတာဟာ တနည်းအားဖြင့် လူမျိုးတုန်းပပျောက်အောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ မလေးရှား အစိုးရက စနေနေ့ မနေ့က စွပ်စွဲပြောကြားလိုက် ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက စခန်းတစ်ခုမှာ ရိုဟင်ဂျာဒုက္ခသည်တချို့ကို တွေ့ရစဉ် Photo: United Nations Refugee Agency - Cox's Bazar, Bangladesh facebook

မြန်မာအစိုးရက ရခိုင်ပြည်နယ်မှာရှိတဲ့  ရိုဟင်ဂျာ လူမျိုးအုပ်စုတစ်ခုထဲကိုကွက်ပြီး တိုင်းပြည်တွင်းက မောင်း ထုတ်နေတာဟာ တနည်းအားဖြင့် လူမျိုးတုန်း ပပျောက်အောင် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ မလေးရှား အစိုးရက စနေနေ့ မနေ့က စွပ်စွဲပြောကြားလိုက်ပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထူးထူးခြားခြား ပြင်းထန်တဲ့စကားလုံးတွေကို သုံးစွဲပြီးထုတ်ပြန်တဲ့ ကြေညာ ချက်မှာ ရိုဟင်ဂျာလူမျိုး ထောင်ပေါင်းများစွာဟာ လတ်တလောနှစ်တွေအတွင်း အိမ်နီးခြင်း နိုင်ငံတွေကို ထွက်ပြေးနေကြရကြောင်း၊ မလေးရှားနိုင်ငံတစ်ခုတည်းကို ရောက်ရှိခိုလှုံနေသူ ၅ သောင်းခွဲကျော်ရှိကြောင်း၊ ဒါကြောင့် ဒီပြဿနာဟာ မြန်မာပြည်ရဲ့ ပြည်တွင်းရေးသက်သက် မဟုတ်တော့ပဲ နိုင်ငံတကာပြဿနာတရပ်ဖြစ်လာ ပြီလို့ ဖေါ်ပြထားပါတယ်။

ကွာလာလမ်ပူမြို့မှာ မနေ့ကကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇတ်က ရိုဟင်ဂျာပြဿနာကို မလေးရှားက ခိုင်ခိုင်မာမာရပ်တည်ရတာဟာ မြန်မာပြည်တွင်းရေး စွက်ဖက်မှုမဟုတ်ဘဲ လူတွေရဲ့ ဂုဏ်သိက္ခာ ကို ထိန်းသိမ်းရေးအတွက်ပါ၊ လူ့အခွင့်အရေးဆိုတာ နိုင်ငံရေးပြဿနာ မဟုတ်ဘဲ နိုင်ငံတကာတန်ဖိုးဖြစ်လို့ပါပဲ ဒါပေမဲ့ မလေးရှားအစိုးရက မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးကို လျှော့ချဖို့ သို့မဟုတ် ဖြတ်တောက်ဖု့ိ ရည်ရွယ် ချက်တော့ မရှိပါဘူးလို့ ပြောပါတယ်။

ဒီအတောအတွင်း အစ္စလာမ် အဖွဲ့အစည်းများဆိုင်ရာ မလေးရှား အတိုင်ပင်ခံကောင်စီက ရိုဟင်ဂျာပြဿနာကို သည်ဟိဂ် Hague မြို့မှာရှိတဲ့ ICC ခေါ် နိုင်ငံတကာခုံရုံးတင်မယ်လို့ မနေ့ကပြောပါတယ်။ လိုအပ်တဲ့ အထောက် အထားတွေကို စုဆောင်းနေကြောင်းနဲ့ ဒီကိစ္စအတွက် လန်ဒန်မှာရှိတဲ့ အစ္စလာမ် လူ့အခွင့်အရေး ကောင်စီ IHRC နဲ့လည်း တိုင်ပင်ထားကြောင်း မလေးရှား အတိုင်ပင်ခံကောင်စီ ဥက္ကဌ ဟာမစ်ကပြောပါတယ်။ တပြိုင်နက်မှာပဲ မလေးရှားကလာတဲ့ နောက်သတင်းတစ်ပုဒ်မှာတော့  မလေးရှားအိုလံပစ်ကောင်စီ ဥက္ကဌ တွမ်ကူးက ရိုဟင်ဂျာပြဿနာရှိပေမယ့် မြန်မာနိုင်ငံကို လာမယ့် ၂ဝ၁၇ ခုနှစ်အတွင်း ကွာလာလမ်ပူမှာ ကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပွဲဝင်ခွင့်ကိုတော့ ပိတ်ပင်မှာ မဟုတ်ပါဘူးလို့ပြောကြောင်း ဖေါ်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org