မလေးရှား သင်္ဘောကို ဝန်ကြီးချုပ် ရာဇတ် သွားရောက်ကြိုဆို


2017.02.23
malaysia-ship-620.jpg မလေးရှားကနေ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အသုံးအဆောင်တွေ တင်ဆောင်လာတဲ့ Nautical Aliya သင်္ဘော ဇန်နဝါရီလ ၉ ရက်နေ့က ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကို ရောက်ရှိလာစဉ်
Photo: Kyaw Zaw Win/RFA

ရခိုင်ပြည်နယ် မောင်တောဒေသက ဒုက္ခသည်တွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေကို Nautical Aliya နော့တီ ကယ် အလီယာ သင်္ဘောနဲ့ သွားရောက်လှူဒါန်းပြီး မလေးရှားနိုင်ငံကို မနေ့က ပြန်လည်ရောက်ရှိလာတဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တွေကို မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇတ်က သွားရောက်ကြိုဆို ဂုဏ်ပြုခဲ့ပါတယ်။

သင်္ဘောဆိပ်ကို သွားရောက်ကြိုဆိုသူတွေထဲမှာ မလေးရှားကာကွယ်ရေးဝန်ကြီးလည်း ပါဝင်ပါတယ်။  အဲဒီသင်္ဘောဟာ ထောက်ပံ့ရေးပစ္စည်းတန်ချိန် ၂၃ဝဝ တင်ဆောင်ပြီး စေတနာ့ဝန်ထမ်း ၂ဝဝ နီးပါးနဲ့အတူ မလေးရှားကနေ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ထွက်ခွာခဲ့ပါတယ်။ ရန်ကုန်နဲ့ စစ်တကောင်းမြို့တွေမှာ ပစ္စည်းတွေကို ချထားခဲ့ပြီးနောက် မလေးရှားကို အခုပြန်ရောက်လာတာပါ။

ဒီအတွင်းမှာပဲ ရန်ကုန်မှာ အဲဒီ မလေးရှားသင်္ဘောက ချထားခဲ့တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို တင်ဆောင်ထား တဲ့ မြန်မာရေတပ်က သင်္ဘောတစ်စင်းဟာ စစ်တွေမြို့ကို ဗုဒ္ဓဟူးနေ့က ရောက်ရှိလာပြီဖြစ်ကြောင်းနဲ့ ကျေးရွာ ၁၉ဝ က ဒုက္ခသည်တွေကို စနေနေ့မှာ စတင်ဝေငှမယ်လို့ ရခိုင်ပြည်နယ် အစိုးရပြောခွင့်ရသူ ဦးတင်မောင်ဆွေက ပြော ဆိုကြောင်း အနာဒိုလာသတင်းဌာနက ကြေညာပါတယ်။

ဒါကာမြို့်က လာတဲ့ သတင်းတစ်ပုဒ်မှာတော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စား လှယ် ယန်ဟီးလီဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသမှာ ရှိတဲ့ ကူတူပလောင် ဒုက္ခသည်စခန်းကို မနေ့မနက်က သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ယန်ဟီးလီဟာ ဘင်္ဂလားဒေ့ရှ်ကို ၄ ရက်ကြာ ခရီးစဉ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး သူနဲ့အတူ ဘင်္ဂလားဒေ့ရှ် နိုင် ငံခြားရေးဌာနက အရာရှိတွေလည်း မနေ့က လိုက်ပါခဲ့ပါတယ်။

မြန်မာအစိုးရက မောင်တောဒေသမှာ စစ်ဆင်ရေးတွေကို ရပ်စဲလိုက်ပြီဖြစ်ပေမယ့် ရိုဟင်ဂျာမွတ်စလင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကို ဆက်လက်ထွက်ပြေး လာနေကြဆဲပဲလို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။