မလေးရှား သင်္ဘောအုပ်စု ဖေဖော်ဝါ ရီ ၃ ရက်နေ့ မောင်တောခရီးစဉ် စတင်မည်
ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေ အတွက် စားနပ်ရိက္ခာတွေ တင်ဆောင် ထားတဲ့ သင်္ဘောဟာ မလေးရှားနိုင်ငံ ကနေ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ စတင်ထွက်ခွာမယ်လို့ မလေးရှား မွတ်စလင် အန်ဂျီအို အဖွဲ့အစည်းတွေက ပြောကြားလိုက်ပါတယ်။
-
2017-01-17 -
-
-
ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေအတွက် စားနပ်ရိက္ခာတွေ တင်ဆောင်ထားတဲ့ သင်္ဘောဟာ မလေးရှားနိုင်ငံကနေ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ စတင်ထွက် ခွာမယ်လို့ မလေးရှား မွတ်စလင် အန်ဂျီအို အဖွဲ့အစည်းတွေက ပြောကြားလိုက်ပါတယ်။
အဲဒီသင်္ဘောတွေက ဇန်နဝါရီလ ၁၀ ရက်နေ့ စတင်ထွက်ခွာဖို့ မူလက စီစဉ်ထားခဲ့ပေမယ့် မြန်မာအစိုးရဘက်က ခွင့်ပြုချက်မရတာကြောင့် ရွှေ့ဆိုင်းထား ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုတော့ ခွင့်ပြုချက် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဖေဖော်ဝါရီ ၃ ရက်နေ့ စတင်ထွက်ခွာမယ်လို့ ဆိုပါတယ်။ မြန်မာအာဏာပိုင်တွေထံ ခွင့်ပြုချက် ထပ်မံတောင်းခံထားပေမယ့် အကြောင်းမပြန်သေးဘူး လို့ ပြောပါတယ်။ အဲဒီသင်္ဘောတွေပေါ်မှာ ဆန်တန်ချိန် ၁၀၀၀ ကျော်နဲ့အတူ ဆေးဝါးနဲ့ တခြားရိက္ခာ ပစ္စည်းတွေ ပါဝင်မယ်လို့ သိရပါတယ်။
မြန်မာဘက်က ရေပိုင်နက်အတွင်း ဝင်ခွင့်မပြုခဲ့ဘူးဆိုရင် ဘင်္ဂလားဒေ့ရှ်နယ်စပ် တက္ကနက်ဖ်မြို့ကို သွားဖို့ စီစဉ်ထားတယ်လို့လည်း မလေးရှား မွတ်စလင် အန်ဂျီအို အဖွဲ့အစည်းတွေက ပြောပါတယ်။