မောင်တောမြို့နယ်မှာ ဗုံးပေါက်ကွဲ ၁ ဦး သေ၊ ၃ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပြောင် ပိုက်ရွာမှာ ဒီကနေ့မနက်က ဗုံးတစ် လုံးပေါက်ကွဲခဲ့ရာမှာ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိတယ်လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ပြောပါတယ်။

မောင်တောမြို့နယ် ပြောင်ပိုက်ကျေးရွာနဲ့ ငါးစားကြူးကျေးရွာအကြား ဇူလိုင်လ ၁၅ ရက်နေ့က မိုင်းပေါက်ကွဲတဲ့ နေရာပြမြေပုံ ကို တွေ့ရစဉ် Photo: State Counsellor Office Information Committee

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပြောင်ပိုက်ရွာမှာ ဒီကနေ့မနက်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာမှာ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိတယ်လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖြစ်စဉ်အသေးစိတ်ကို နယ်မြေခံလုံခြုံရေးတပ်ဖွဲ့တွေက လိုက်လံစုံစမ်းနေဆဲဖြစ်တယ်လို့ မောင်တောမြို့ ကျီးကန်းပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်က ဒု-ရဲအုပ် စန်းလွင်ဦးက ပြောပါတယ်။

"ပြောင်ပိုက်ဘက်မှာ ဖြစ်တာလို့ကြားတာပဲ၊ ဒီကတော့ လွှတ်ထားတာရှိတယ်၊ ဖြစ်တာကတော့ မှန်တယ်ပေါ့၊ အသေးစိတ်အချက်အလက်တွေကိုတော့ ကျနော်တို့ဆီ တက်မလာသေးဘူးဗျ၊ အောက်မှာ နယ်မြေခံရှင်း လင်းရေးအဖွ့ဲတွေ လုပ်နေကြတုန်းပါ၊ သေချာအသေးစိတ် မသိရသေးပါ၊ ဘယ်လိုကြောင့် ပေါက်တယ် ဆိုတာ မသိရသေးပါဘူး"

အခုလိုဖြစ်တာဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပွားတာမျိုး၊ နယ်မြေရှင်းလင်းတာမျိုး မဟုတ်ဘဲ အကြမ်း ဖက်အဖွဲ့တွေထဲက လက်လုပ်မိုင်းစမ်းသပ်ရာကနေ ပေါက်ကွဲတာဖြစ်နိုင်ကြောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့က အရာရှိတစ်ဦးက ပြောပါတယ်။

မောင်တောမြောက်ပိုင်းဘက်ကို ပြည်ပသတင်းမီဒီယာသမားတွေ သွားရောက်သတင်းယူနေကြတဲ့ အချိန်မှာ အခုလို ဗုံးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

အဲဒီဗုံးပေါက်ကွဲတဲ့ကျေးရွာကို သတင်းမီဒီယာအဖွဲ့တွေ သွားရောက်ဖို့ အရင်ကစီစဉ်ခဲ့ပေမယ့် အခြေအနေအရ မသွားဖြစ်ခဲ့ဘူးလို့ ဘူးသီးတောင်-မောင်တော ခရီးစဉ်မှာ သတင်းယူနေတဲ့ RFA သတင်းထောက်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org