ဘူးသီးတောင်နဲ့ မောင်တောမှာ စိတ်ကြွဆေးပြား အများအပြား သိမ်းဆည်းရမိ

2016-01-02
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့တွေမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့က ဖမ်းဆီးရမိထားတဲ့ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြားထုတ်တွေကို တွေ့ရစဉ်
ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့တွေမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့က ဖမ်းဆီးရမိထားတဲ့ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြားထုတ်တွေကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့တွေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့က WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား အလုံးရေ ၁၄ သိန်းကျော်ကို သိမ်းဆည်းရမိခဲ့ပါတယ်။

စစ်တွေမြို့ကနေ ထွက်ခွာလာတဲ့ အောင်သူဟိန်း ရေယာဉ်နဲ့ မောင်တောမြို့နေအိမ်တစ်ခုကနေ ဖမ်းဆီးရမိခဲ့တာလို့ ဘူးသီးတောင်မြို့ပေါ်မှာ တာဝန်ကျနေတဲ့ အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

"မိတာပေါ့ဗျာ ၁ဝ သိန်းနဲ့ ၄ သောင်း ၊ အဲ့ဒီကနေ အမှတ်အသားပါတဲ့အတွက် ကျနော်တို့က ချက်ချင်းမောင်တောမြို့ကိုလိုက်ရတယ်၊ အဲ့ဒီမောင်တောမြို့ကိုလိုက်ပြီးတော့ စုံစမ်းပြီးတော့ အဲ့ဒီအိမ်ကိုရှာတဲ့အချိန်မှာ ဆေးပြား ၃ သိန်း ၃ သောင်း ၆ ထောင် ဖမ်းမိတယ်၊ နောက်ပိုင်းတော့ အဲ့ဒီအမှုနဲ့ပတ်သက်တဲ့ တရားခံတွေကတော့ ထွက်ပြေးသွားကြတာပေါ့ဗျာ၊ အဲ့ဒီတရားခံကိုလည်း ဖမ်းဆီးဖို့အတွက် ကျနော်တို့က ကြိုးစားနေရတုန်းရှိပါတယ်"

အခုဖမ်းဆီးရမိမှုဟာ မောင်တောခရိုင်အတွင်းမှာ ပမာဏအများဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။ အဲ့ဒီမူးယစ်ဆေးဝါးတွေဟာ ကာလတန်ဖိုး ဆေးပြားတစ်ပြားကို ကျပ်နှစ်ထောင်နှုန်းနဲ့ တွက်ချက်ရင် ငွေကျပ် သိန်းပေါင်း နှစ်သောင်းရှစ်ထောင်ကျော် တန်းဖိုးရှိကြောင်းလည်း သိရပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ကွင်းဆက်တွေကို ခေါ်ယူစစ်ဆေးနေတာတွေရှိပေမယ့် အဓိကတရားခံတွေကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီအမှုနဲ့ဆက်နွယ်နေသူ နှစ်ဦးကို စစ်တွေမြို့မှာ ဒေသခံရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်ပြီး ဒီနေ့ ဘူးသီးတောင်မြို့ကို ပို့ဆောင်လိုက်ပါတယ်။

ကွန်မင့်များ (4)
Share

အမည်မဖော်လိုသူ

ပြောင် ကြီး သက်တမ်းကုန် မယ် ဆို တော့ ဒီကိစ္စကို လက်ပိုက်ကြည့်နေတာပါ

Jan 04, 2016 06:44 AM

ခင်​မြဇံ

ရခိုင်​​ဒေသခံမပါပဲလုပ်လို့ မရပါဖူး၊ ယခင်​ရန်​ကုန်​မှာမိတဲ့ နိုင်​ငံတကာမှာ အများဆုံးမိတဲ့ မူယစ်​​ဆေးဝါးကလည်း ရခိုင်​လူမျိုးပိုင်​တဲ့ Company ပါ။သတင်း​တွေအရ ယင်း company ကလည်း တိုင်းရင်းသားလက်​နက်​ကိုင်​နဲ့ ပတ်​သက်​တယ်​ကြားရ​တော့ ဖြစ်​နိုင်​​ခြေက AA လက်​နက်​ကိုင်​ပဲရှိ တယ်​။ ​ရခိုင်​ပဲဖြစ်​၂ ဘယ်​သူလုပ်​လုပ်​ ရခိုင်​​မြေမှာ မူးယစ်​နယ်​​မြေထွက်​​ပေါက်​မဖြစ်​​အောင်​ ခုထဲကအမြစ်​ပြတ်​​အောင်​လုပ်​ဖို့ လိုပီ။

Jan 04, 2016 04:22 AM

ဦးဝင်းတင်

မူးယစ်​ဇာတ်​လမ်းက​တော့စပီ၊ ​ခုထဲကအမြစ်​ပြတ်​​အောင်​မလုပ်​ရင်​ ​နောက်​ပိုင်းမလွယ်​ဖူး။ အပြတ်​သာလုပ်​ပါ

Jan 03, 2016 05:15 AM

" ငတက်ပြား" လား

မူးယစ်ဆေးဝါး အများအပြားဖမ်းမိတဲ့ အမှုတိုင်းမှာ အဓိကတရားခံတွေ ထွက်ပြေးလွတ်သွားတာ အမြဲလိုလို ဖြစ်နေတော့ " တိုက်ဆိုင်မှု " တော့ မဟုတ်တန်ရာဘူး။

Jan 02, 2016 03:21 PM

ဆိုက်တခုလုံးသို့