အတိုင်ပင်ခံရဲ့ မေလဂုဏ်ပြုဆု လေယာဉ်မှူး ဦးမြတ်မိုးအောင်နဲ့အဖွဲ့ ရရှိ


2019-05-25
Share
captain-myatmoeaung-group-622.jpg လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင် နဲ့ လေယာဉ်အမှုထမ်း အဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: Myanmar National Airlines

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ၂၀၁၉ ခုနှစ် မေလ အတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် မြန်မာ အမျိုးသားလေကြောင်းလိုင်းက လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင် အပါအဝင် လေယာဉ်အမှုထမ်း အဖွဲ့ဝင်တွေကို ဂုဏ်ပြုချီးကျူးကြောင်း ထုတ်ပြန်လိုက်ပါတယ်။

မေလ ၁၂ ရက်နေ့က ရန်ကုန်ကနေ မန္တလေးတံတားဦး လေဆိပ်ကို လေယာဉ်ဆင်းသက်ရာမှာ လေယာဉ်ရှေ့ဘီးမကျလို့ အခက်အခဲကြုံတွေ့ရပေမယ့်လည်း ခရီးသည်တွေ ထိခိုက်မှုမရှိဘဲ မြေပြင်ကို ဆင်းသက်နိုင်ခဲ့တာကြောင့် အခုလို ဂုဏ်ပြုလိုက်တာလို့ ဖော်ပြထားပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည် ၈၂ ဦးတို့ လိုက်ပါလာကြပြီး လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်ရဲ့ ဦးဆောင်မှုနဲ့အတူ တွဲဖက်လေယာဉ်မှူး ဦးကောင်းဆက်လင်းနဲ့ ဦးမျိုးသီဟအောင်၊ အကြီးတန်းလေယာဉ်မယ် ဒေါ်ချယ်ရီမြင့်၊ လေယာဉ်မယ် ဒေါ်ကေဂျာဆန်အောင်၊ ဒေါ်ခိုင်ဇာလင်းနဲ့ ဒေါ်ဥမ္မာအောင် တို့ကို ရွေးချယ်လိုက်တာဖြစ်ပါတယ်။

လေယာဉ်မှူးကြီးနဲ့ လေယာဉ်အမှုထမ်းတွေဟာ သူတို့ကျွမ်းကျင်တဲ့ပညာတွေနဲ့ ကြိုတင်လေ့ကျင့် ပြင်ဆင်မှုတွေနဲ့အတူ ယုံကြည်မှုရှိစွာနဲ့ တည်တည်ငြိမ်ငြိမ် ကြိုးပမ်းခဲ့တဲ့အတွက် အခက်အခဲကို ကျော်လွှားနိုင်ခဲ့တယ်ဆိုတာ အထင်အရှား ပြသသွားတာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့