တိုက်ပွဲတွေရပ်ဖို့ ဗကသကျောင်းသားတွေ မန္တလေးမှာဆန္ဒပြ


2020-09-10
Share
mdy-students-protest-622.jpg ရခိုင်နဲ့ ချင်းပြည်နယ် နေရာတချို့မှာ မြန်နှုန်းမြင့် အင်တာနက်လိုင်းပြန်ဖွင့်ပေးဖို့ ဗကသကျောင်းသားတွေ ၂၀၂၀ စက်တင်ဘာ ၁၀ ရက်နေ့က မန္တလေးမြို့မှာဆန္ဒပြစဉ်
Photo: Khaymani Win/RFA

ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်ပေးဖို့၊ မြန်နှုန်းမြင့် အင်တာနက်လိုင်း ဖွင့်ပေးဖို့အတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ က မန္တလေးမြို့မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ဗကသ ကျောင်းသား၊ ကျောင်းသူ ၁၅ ယောက်ခန့်က ၈၄ လမ်း၊ ၃၁ လမ်းကနေ ၂၆ လမ်း ဈေးချိုအထိ လမ်းလျှောက်ချီတက်ပြီး ဆန္ဒပြခဲ့တာပါ။

ရခိုင်ဒေသက ပြည်သူတွေနဲ့ တသားတည်းအတူရှိတယ်ဆိုတာကို ပြသတဲ့အနေနဲ့ ဆန္ဒထုတ်ဖော်ကြတာလို့ ဗကသများအဖွဲ့ချုပ်က ရုံးအဖွဲ့မှူး ကိုကျော်သီဟရဲကျော် ကပြောပါတယ်။

ကျောင်းသားတွေ ဆန္ဒထုတ်ဖော်ရာနေရာကို အမှတ် (၈) နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ လာရောက် တားမြစ်ခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အယုံအကြည်မရှိတဲ့အတွက် ဒီကနေ့ ဆန္ဒပြပွဲအတွက် သက်ဆိုင်ရာကို ခွင့်ပြုချက် တောင်းဆိုတာမျိုး မလုပ်ထားဘူးလို့ ကျောင်းသားတွေက ပြောပါတယ်။

ဒီကနေ့ လာရောက်တားမြစ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို သတင်းမီဒီယာတွေက မေးမြန်းခဲ့ရာမှာ ဖြေကြားတာမရှိသလို ဆန္ဒပြကျောင်းသားတွေကို အရေးယူဖို့ရှိ မရှိ ဆိုတာကိုလည်း မဖြေခဲ့ပါဘူး ။

မနေ့က စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့ကျောင်းသား သုံးယောက်ကိုလည်း ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားပါတယ်။ သူတို့ကိုပြန်လွှတ်ပေးဖို့ ဒီကနေ့ ကျောင်းသားတွေက စစ်တွေ ရဲစခန်းရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့