လူငယ်ရှေ့နေ ၁၉ ဦး NLD ပါတီဝင်ဖို့ လျှောက်လွှာတင်
2012.01.29
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေးသိပ္ပံ သင်တန်း။ (www.nldburma.org)
www.nldburma.org
ခုလိုလျှောက်လွာ လာတင်သူတွေဟာ ဥပဒေရေးရာ သိရှိသူတွေဖြစ်တာကြောင့် လာမယ့် ဧပြီ လ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို ရှင်းလင်းနိုင်မယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲဥပဒေပါ မဲရုံစောင့်၊ မဲရုံမှူးတို့ရဲ့ တာဝန်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆောင်ရန် ရှောင်ရန်ကိစ္စတွေစတဲ့ ဥပဒေအချက်အလက်တွေကို အများသိရှိနားလည်လာအောင် ရှင်းလင်းဟောပြောကြဖို့ကိုလည်း တာဝန်ပေးလိုက်အပ်တယ်လို့ ဦးမျိုးဆွေက ပြောပါတယ်။









