မိတ္ထီလာမှ ဖျက်ဆီးခံရတဲ့ ဗလီတွေ ပြန်ပြင်ခွင့်ရပြီ
ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့မှာ ဖြစ်ပွား ခဲ့တဲ့ အကြမ်းဖက်မူတွေအတွင်း မီးလောင်ဖျက်ဆီးခံခဲ့ရတဲ့ အစ္စလာမ် ဘာသာဝင်တွေရဲ့ ဗလီဝတ်ကျောင်းတွေကို သက်ဆိုင်ရာ က ပြန်လည်ပြင်ဆင်ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
-
2013-09-07 -
-
-
ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မူတွေအတွင်း မီးလောင်ဖျက်ဆီးခံခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီဝတ်ကျောင်းတွေကို သက်ဆိုင်ရာက ပြန်လည်ပြင်ဆင်ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူးရုံးက အခုလို ပြန်လည်ပြင်ဆင်ခွင့်ပြုခဲ့တာဖြစ်တယ်လို့ မွတ်စလင် လူ့အဖွဲ့အစည်းခေါင်းဆောင် တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက RFA ကို ပြောပါတယ်။
"ဗလီခြောက်လုံးကို ခရိုင်အုပ်ချုပ်ရေးမှူးက လွန်ခဲ့တဲ့သုံးရက်က ခေါ်ပြောတယ်၊ တရားဝင်ဖွင့်ခွင့်ပေးတယ်၊ ပြင်ခွင့်ပေးတယ်၊ လာတားတဲ့သူတွေရှိရင် သူ့ဆီကိုလွှတ်လိုက်လို့ပြောတယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြောတယ်၊ သက်ဆိုင်ရာ ဂေါပကတွေကို ခေါ်ပြောတယ်"
အဲဒီ ဗလီခြောက်ခုကတော့ ချမ်းအေးဗလီ၊ တူရကီဗလီ၊ သုခဝတီဗလီ၊ ငြိမ်းချမ်းရေးဗလီ၊ နန်းတော်ကုန်းဗလီနဲ့ သာယာကုန်းဗလီတွေဖြစ်ပြီး နဂိုမူလအတိုင်း ပြန်လည်ပြင်ဆင်ခွင့်ပေးတယ်လို့ ဆိုပါတယ်။