KNU ထိန်းချုပ်နယ်မြေ မြဝတီ-ဝေါလေ ကားလမ်းမှာ တိုက်ပွဲပြင်းထန်
မြဝတီ-ဝေါလေ ကားလမ်းမပေါ်က သုံးထပ်ကွေ့နဲ့ သရက်တစ်ပင်ရွာအနီး စစ်ကောင်စီရဲ့ တပ်မ (၄၄) လက်အောက်ခံ ခလရ (၈) စစ်ကြောင်းနဲ့ ကော်ဘရာစစ်ကြောင်းတို့ ဇူလိုင် ၁၂ ရက် မနေ့ မနက် ၆ နာရီခွဲမှာ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။
- 2022-07-13
-
-
-
မြဝတီ-ဝေါလေ ကားလမ်းမပေါ်က သုံးထပ်ကွေ့နဲ့ သရက်တစ်ပင်ရွာအနီး စစ်ကောင်စီရဲ့ တပ်မ (၄၄) လက်အောက်ခံ ခလရ (၈) စစ်ကြောင်းနဲ့ ကော်ဘရာစစ်ကြောင်းတို့ ဇူလိုင် ၁၂ ရက် မနေ့ မနက် ၆ နာရီခွဲမှာ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ ကော်ဘရာစစ် ကြောင်း ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။
အဲဒီတိုက်ပွဲဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ထိန်းချုပ်ရာနယ်မြေ အတွင်း ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးအပါ အဝင် စစ်ကောင်စီတပ်သား အများ အပြား သေဆုံးခဲ့ပြီး ကော်ဘရာစစ်ကြောင်းက သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သူက ပြောပါတယ်။
ဒီထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ စစ်တပ်ဘက်က တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက် လို့ တိတိကျကျသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ကော်ဘရာစစ်ကြောင်းကတော့ တိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ခဲ ယမ်းအများအပြားနဲ့ အသုံးအဆောင်ပစ္စည်းအများအပြား သိမ်းဆည်းမိခဲ့တယ်လို့ ထုတ်ပြန် ထားပါတယ်။ ကော်ဘရာဟာ စစ်အာဏာသိမ်းပြီးနောက် KNU ထိန်းချုပ်နယ်မြေမှာ ပေါ် ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တစ်ဖွဲ့ ဖြစ်ပါတယ်။
မြဝတီ-ဝေါလေ လမ်းပိုင်းကို စစ်ကောင်စီတပ်တွေက တစ်ပတ်ကျော်ကြာ ပိတ်ဆို့ထားပြီး အင်အား အများအပြား တိုးချဲ့လာနေတာတွေရှိတယ်လို့ ကော်ဘရာစစ်ကြောင်း ပြန်ကြား ရေးတာဝန်ခံက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးအပတ်ကစပြီး ဖြစ်ပွားခဲ့တဲ့ ဥကရစ်ထတိုက်ပွဲနဲ့ ဝေါလေဒေသ တိုက်ပွဲတွေကြောင့် ရွာပေါင်း ခုနစ်ရွာက ဒေသခံ ၂၄၀၀ ကျော်ဟာ ထိုင်းနိုင်ငံဘက်ခြမ်းနဲ့ ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်အခြမ်း သောင်ရင်းမြစ်ဘေးကို ထွက်ပြေးတိမ်းရှောင်နေ ကြရပါတယ်။