သုံးလအတွင်း ကျောင်းသားနဲ့ ဆရာဆရာမ အယောက် ၇၀ အသတ်ခံခဲ့ရ

2021-05-11
Share
သုံးလအတွင်း ကျောင်းသားနဲ့ ဆရာဆရာမ အယောက် ၇၀ အသတ်ခံခဲ့ရ မုံရွာမြို့က CDM ဆရာမတွေ ၂၀၂၁ မေလ ၁၁ ရက်နေ့က ဆန္ဒပြစဉ်
Photo: RFA
ဖေဖေါ်ဝါရီ ၁ ရက်ကနေ ပြီးခဲ့တဲ့ဧပြီလကုန်ထိ သုံးလအတွင်းမှာ ပညာရေးနဲ့ သက်ဆိုင်တဲ့ ကျောင်းသူ ကျောင်းသားနဲ့ ဆရာဆရာမ စုစုပေါင်း လူ ၇၀ ခန့် အသတ်ခံခဲ့ရကြောင်း “ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဥ်ကျေးမှုအဖွဲ့” UNESCO က ဒီကနေ့ မေလ ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

UNESCO Myanmar Project Office ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ထားတဲ့ ထုတ်ပြန်ချက်အရ၊ အာဏာသိမ်း မှုဟာ မြန်မာနိုင်ငံ ပညာရေးကဏ္ဍပေါ် များစွာသက်ရောက်ခဲ့ပြီး၊ ကျောင်းသူကျောင်းသားနဲ့ ဆရာဆရာမ ၇၀ အသတ်ခံခဲ့ရကြောင်း၊ ကျောင်းသူကျောင်းသား ဆရာ ဆရာမနဲ့ ပညာရေးဝန်ထမ်း ၈၄၀ ကျော် ဖမ်းဆီးခံထား ရကြောင်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်ကောလိပ် ၂၀ ခန့်က ဆရာဆရာမနဲ့ ပညာရေးဝန်ထမ်း ၁၇၀၀ ကျော် အလုပ်ထုတ်ခံထားရကြောင်း UNESCO ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့