လက်ဖက်ခူးစဉ် မိုင်းနင်းမိ


2016.04.07
mine-injure-620.jpeg မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတစ်ဦးကို လားရှိူးမြို့ဆေးရုံမှာ ဧပြီလ ၇ ရက်နေ့က တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာအုပ်စု တဇီရွာမှာ လက်ဖက်ခူးရင်း မိုင်းနင်းမိတာကြောင့် ရွာသူအမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရပြီး လားရှိူးမြို့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

မနေ့က နေ့လယ် ထမင်းစားနားပြီး လက်ဖက်ခူးနေစဉ်မှာ မိုင်းနင်းမိတာဖြစ်တယ်လို့ ထိခိုက်ဒဏ်ရာရသူတွေနဲ့ အတူရှိခဲ့တဲ့ ဒေါ်ဆိုင်မွန်း က ပြောပါတယ်။

မိုင်းပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ဦးက အဲ့ဒီနေရာမှာ သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူ ၃ ဦး ဟာ ပြင်းထန်တာကြောင့် ကျောက်မဲမြို့ဇီဝိတလူမှုကူညီရေးအသင်းရဲ့ အကူအညီနဲ့လားရှိူးဆေးရုံကို ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

မိုင်းပေါက်ကွဲမှုဖြစ်ခဲ့တဲ့တဇီကျေးရွာတဝိုက်မှာ ပြီးခဲ့တဲ့လက အစိုးရတပ်၊ RCSS နဲ TNLA တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေလည်းဖြစ်ပါတယ်။

အဲ့ဒီတိုက်ပွဲတွေကြောင့် ညောင်မောင်း၊ တော့ဆန် အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာလောက်က ရွာသားတွေ ဟာ ကျောက်မဲမြို မှာ ခေတ္တတိမ်းရှောင်ခဲ့ရပြီး ပြီးခဲ့တဲ့ မတ်လကုန်ခါနီးမှာ လက်ဖက်ခူးရာသီ ရောက် တာကြောင့် နေရပ်ကိုပြန်သွားကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။