ဒါရိုက်တာမင်းထင်ကိုကိုကြီး ကျန်းမာရေးမကောင်းဖြစ်နေ

2019-05-23
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခံရတဲ့  ဒါရိုက်တာမင်းထင်ကိုကိုကြီးကို အင်းစိန်မြို့နယ်ရဲစခန်းမှာ ၂၀၁၉ ဧပြီ ၂ ရက်နေ့ကတွေ့ရစဉ်
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခံရတဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီးကို အင်းစိန်မြို့နယ်ရဲစခန်းမှာ ၂၀၁၉ ဧပြီ ၂ ရက်နေ့ကတွေ့ရစဉ်
Photo: Thant Zin Oo/RFA

တပ်မတော်ကို ဂုဏ်သိက္ခာကျဆင်းအောင် ရေးသားတယ်ဆိုပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)နဲ့ တရား စွဲဆိုခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသဲခွဲစိတ်ထားတာကြောင့် ကျန်းမာရေးမကောင်းဘူးလို့ သိရပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ဒီနေ့ အင်းစိန်မြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ရာမှာ ကျန်းမာရေးမကောင်းတဲ့ အနေအထားမျိုး ရှိနေတာပါ။

တပ်မတော်က သူ့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုပြီး ဖြစ်တဲ့အတွက် ပုဒ်မ ၅၀၅ (က) နဲ့ ထပ်ပြီး တရားမစွဲသင့်ဘူးလို့ ဒါရိုက်တာမင်းထင်ကိုကိုကြီးက တရားရုံးထုတ်မှာ သတင်းမီဒီယာတွေကို ပြောပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ သူရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားဖော်ပြခဲ့တာတွေဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ်ဆိုပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး လင်းထွန်းက တရားလိုလုပ်ပြီး တရားစွဲဆိုထားတာဖြစ်ပါတယ်။ ဒီနေ့ ရုံးထုတ်မှာ တရားလိုပြသက်သေ ၂ ဦးကို စစ်ဆေးခဲ့ပါတယ်။

တရားလိုပြသက်သေတွေရဲ့ ထွက်ဆိုချက်တွေအရ တရားစွဲခံရသူရဲ့ ဆောင်ရွက်ချက်တွေဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကျဆင်းစေလောက်တဲ့ ပုဒ်မနဲ့ ငြိစွန်းတာမတွေ့ရဘူးလို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးဘက်ကနေ အမှု လိုက်ပါဆာင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

တရားလိုဖြစ်တဲ့ ဒုဗိုလ်မှူးကြီး လင်းထွန်းကို တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေက မေးမြန်းချိန်မှာ တစ်စုံတစ်ရာ ဖြေကြားတာမရှိပါဘူး။

ဒီနေ့ရုံးချိန်းမှာ တပ်မတော်က တရားစွဲဆိုတာတွေ ရုပ်သိမ်းပေးဖို့ နိုင်ငံရေးတက်ကြွလှုပ်ရားသူတွေက Blue Shirt ကန်(မ်)ပိန်း လှုပ်ရှားမှုကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့