မင်းထင်ကိုကိုကြီးကို ထောင် တစ်နှစ်ချ

2019-08-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တပ်မတော်က အမှုဖွင့်လို့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အင်းစိန်မြို့နယ် တရားရုံးမှာ ၂ဝ၁၉ သြဂုတ် ၂၉ ရက်နေ့က တွေ့ရစဉ်
တပ်မတော်က အမှုဖွင့်လို့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အင်းစိန်မြို့နယ် တရားရုံးမှာ ၂ဝ၁၉ သြဂုတ် ၂၉ ရက်နေ့က တွေ့ရစဉ်
Photo: Thant Zin Oo/RFA

တပ်မတော်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကို ဂုဏ်သိက္ခာကျဆင်းအောင် လူမှုကွန်ရက်မှာ ရေးသားတယ်ဆိုပြီး တပ်မတော်က အမှုဖွင့်လို့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ဒီကနေ့ အင်းစိန်မြို့နယ် တရားရုံးက ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ မတ်လ ၂၂ ရက်နေ့အတွင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက သူရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့တာတွေဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ်ဆိုပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး လင်းထွန်းက တရားလိုလုပ်ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီအမှုအတွက် အင်းစိန်မြို့နယ် တရားရုံးက အာမခံမပေးလို့ ဧပြီလကတည်းက အင်းစိန်ထောင် အချုပ်ကနေ တရားရင်ဆိုင်နေရတာဖြစ်ပြီး ဒီကနေ့မှာတော့ တရားရုံးက အပြီးသတ် အမိန့်ချမှတ်လိုက်တာပါ။

ထောင်ဒဏ်တစ်နှစ်ချခံရတဲ့အပေါ် မစိုးရိမ်ကြဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုသာ စိတ်ရောကိုယ်ရော ညီညီညွတ်ညွတ်နဲ့ ဆက်လက်ချီတက်ကြဖို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက အမိန့်ချခံရပြီး တရားရုံးကအထွက်မှာ ပြောခဲ့ပါတယ်။

ဒီနေ့ အမိန့်ချမှတ်လိုက်တာမှာ ပြီးခဲ့တဲ့ ဧပြီလကတည်းက ဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ချုပ်ရက်ထုတ်နှုတ်ခံစားခွင့် ပြုလိုက်ပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းခွဲစိတ်ထားရပြီး လက်ရှိမှာ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန် လာပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့ ဆေးကုသမှုတွေ ဆက်လုပ်ရဦးမှာဖြစ်လို့ အယူခံတက်သွားမယ် လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးရဲ့ တူတော်စပ်သူ ကိုကျော်ဆက်နိုင်က RFA ကို ပြောပါတယ်။

ဒီနေ့ အမိန့်ချရုံးချိန်းမှာ လွတ်လပ်စွာပြောဆိုခွင့်ကို ထောက်ခံဝန်းရံတဲ့အနေနဲ့ တက်ကြွလှုပ်ရှားသူအချို့က လွတ်လပ်စွာပြောဆိုခွင့်ကို ဖိနှိပ်တဲ့ အမှုဖွင့်အရေးယူမှုတွေကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြဆိုတဲ့ စာသားပါ အကျီ ၤတွေ ဝတ်ဆင်ထားကြတာ တေ့ွရပါတယ်။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ ပုဒ်မ ၅၀၅ (က) အပြင် ဆက်သွယ်ရေးဥပေဒပုဒ်မ ၆၆(ဃ) နဲ့ပါ  အမှုဖွင့်ခံထားရတာဖြစ်ပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ထားတာကိုတော့ ရဲစခန်းက အာမခံပေးထားပါတယ်။  ၆၆(ဃ) နဲ့ အရေးယူဖို့ ဆက်သွယ်ရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်မယ်ဆိုရင်တော့ မင်းထင်ကိုကိုကြီးဟာ အဲဒီအမှုအတွက် ထပ်မံပြီး တရားရင်ဆိုင်ရဖို့ရှိနေပါတယ်။

(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့