ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်မတင်ဖို့ မစ်ချ် မက်ကောနယ်လ် ပြောကြား


2018.08.29
mitch-mcconnell-dassk-2011-622.jpg ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အထက်လွှတ်တော်အမတ် Mr. Mitch McConnell တို့ ၂ဝ၁၁ ဇန်နဝါရီလ ၁၆ ရက်နေ့က တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်။
Photo: RFA

အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell မစ်ချ် မက်ကောနယ်လ်က မြန်မာနိုင်ငံ မှာ လုံခြုံရေးတပ်ဖွဲ့တွေက လူမဆန်ရက်စက်မှုတွေ ကျူးလွန်ခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင်ပုံချခြင်း မပြုလုပ်သင့်ပါဘူးလို့ မနေ့က ပြောကြားလိုက်ပါတယ်။

အထက်လွှတ်တော်အမတ် မစ်ချ် မက်ကောနယ်လ် က မြန်မာနိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို လူမဆန်သတ်ဖြတ်နှိပ်စက်ခဲ့တယ်ဆိုတာ မိမိ သံသယလုံးဝမရှိပါဘူး၊ ဒါပေမဲ့ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ မြန်မာ့စစ်တပ်ကို အဲဒီလိုလုပ်ရပ်တွေရပ်တန့်ဖို့ အမိန့်ပေးနိုင်စွမ်း တစ်စုံတရာမရှိတဲ့အတွက် တခြားသူတွေနည်းတူ သူမကို ဝိုင်းဝန်းအပြစ်တင်ဖို့ သူ့မှာဆန္ဒမရှိဘူးလို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။