မြန်မာနိုင်ငံသားတွေ သေဆုံးမှု ထိုင်း ၄ ဦး ကို ထောင်ဒဏ်ချမှတ်

ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ်က ထိုင်းနိုင်ငံထဲကို ခိုးသွင်းလာတဲ့ မြန်မာနိုင်ငံ သားတွေ သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး ထိုင်းလူမျိုး ၄ ယောက်ကို သူတို့နိုင်ငံတရားရုံးက ဒီကနေ့ ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။
2012-12-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်း အအေးခန်းကွန်တိန်နာ ကုန်ကားပေါ်တွင် အသက်ရှုကြပ်ပြီး သေဆုံးသွားခဲ့ရသော မြန်မာရွေ့ပြောင်း အလုပ်သမား ၅၄ ဦးရဲ့ ရုပ်အလောင်းများကို ဧပြီ ၁၀ ရက်နေ့က ထိုင်းကယ်ဆယ်ရေးဝန်ထမ်းများ စစ်ဆေးကြည့်ရှုနေပုံ
ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်း အအေးခန်းကွန်တိန်နာ ကုန်ကားပေါ်တွင် အသက်ရှုကြပ်ပြီး သေဆုံးသွားခဲ့ရသော မြန်မာရွေ့ပြောင်း အလုပ်သမား ၅၄ ဦးရဲ့ ရုပ်အလောင်းများကို ဧပြီ ၁၀ ရက်နေ့က ထိုင်းကယ်ဆယ်ရေးဝန်ထမ်းများ စစ်ဆေးကြည့်ရှုနေပုံ
Photo: AFP

အဲဒီ လူမှောင်ခိုကုန်ကူးသူ ထိုင်းနိုင်ငံသား ၄ ဦး က   တရားမဝင် မြန်မာနိုင်ငံသား ၁၂၁ ယောက်ကို ထိုင်းနိုင်ငံတောင်ပိုင်း Phuket ဒေသကို   အလုံပိတ်ပစ္စည်းတင် ကွန်တိန်နာကားထဲမှာ အပြည့်အကြပ်တင်ပြီး သွားပို့ခဲ့တုန်းမှာ လေပေးစက်ပျက်ပြီး အဲဒီအထဲက လူတဝက်နီးပါးလောက် အသက်ရှု မွန်းကြပ်ပြီး သေဆုံးခဲ့ပါတယ်။

အဲဒီ ထိုင်းလူမျိုး ၄ ယောက်ကို  လူမှောင်ခိုကူးမှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှု ၊ လူသေမှုတွေနဲ့ တရားရုံးတင်စစ်ဆေးပြီးနောက်  ကွန်တိန်နာကားပိုင်ရှင်ကို ထောင်ဒဏ်၁ဝ နှစ်၊ သူနဲ့ပူးတွဲကြံစည်သူကို ထောင်ဒဏ် ၉ နှစ်  နောက်ထပ်အကူအညီပေးသူတဦးကို ၆ နှစ် ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။

သူတို့ ၄ ဦးထဲမှာပါဝင်တဲ့ ထိုင်းအမျိုးသမီးကိုတော့ ဖြစ်စဉ်အားလုံး ဖြောင့်ချက်ပေးတဲ့အတွက် သက်ညှာတဲ့အနေနဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

Why ? They should be "Death Sentence". Still it is too less for their crimes.Yes, every time We, Burmese, are the losers.

Dec 28, 2012 12:06 PM

ဆိုက်တခုလုံးသို့