NCCT ကနေ နှုတ်ထွက်ဖို့ လက်နက်ကိုင် ၃ ဖွဲ့ တင်ပြ

အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ NCCT ခေါ် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းမှုအဖွဲ့ NCCT အဖွဲ့ ဝင်တွေဖြစ်ကြတဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ ၊ AA ရက္ခိုင့် တပ်မတော်နဲ့ TNLA တအာင်းတပ်ဖွဲ့တို့က နှုတ်ထွက်ခွင့်ပြုဖို့ NCCT ကို တင်ပြခဲ့တယ်လို့ သိရပါတယ်။

NCCT ကိုယ်စားလှယ်တွေကို ၂ဝ၁၅ ခုနှစ် မတ်လ ၁၈ ရက်နေ့က မြန်မာငြိမ်းချမ်းရေးစင်တာမှာတွေ့ရစဉ် Photo: Thiha Tun/RFA

အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ NCCT ခေါ် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးညှိနှိုင်းမှုအဖွဲ့ NCCT အဖွဲ့ဝင်တွေဖြစ်ကြတဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ ၊ AA ရက္ခိုင့်တပ်မတော်နဲ့ TNLA တအာင်းတပ်ဖွဲ့တို့က နှုတ်ထွက်ခွင့်ပြုဖို့ NCCT ကို တင်ပြခဲ့တယ်လို့ သိရပါတယ်။

UWSA ဝတပ်ဖွဲ့ ဌာနချုပ်မှာကျင်းပနေတဲ့ ညီလာခံမှာ အဲဒီအဖွဲ့ ၃ ဖွဲ့က မနေ့က တင်ပြခဲ့ကြတာပါ။

မိမိတို့အဖွဲ့အစည်းတွေကို အစိုးရက အသိအမှတ်မပြုတဲ့ အတွက် NCCT ကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ရ တာလို့ ရက္ခိုင့်တပ်မတော် AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဒေါက်တာညိုထွန်းအောင်က RFA ကို ပြောပါတယ်။

"ကျနော်တို့ NCCT က နှုတ်ထွက်တယ်ဆိုတဲ့ဟာက သူ့အခြေအနေနဲ့သူပေါ့နော်၊ ပန်ဆန်းညီလာခံ အစည်းအဝေးကိုကျတော့ ကျနော်တို့အဖွဲ့အစည်းတွေကို အစိုးရကနေပြီးတော့ မဖိတ်နဲ့ဆိုပြီးပြောတာရှိတယ်၊ တခြားတစ်ဖက်မှာ နိုင်ငံရေးအရပေါ့နော် အစိုးရက ကျနော်တို့ကို အသိအမှတ်မပြုတဲ့ အခြေအနေပေါ်မှာ အသိအမှတ်ပြုအောင် လုပ်တာတော့မဟုတ်ဘူး၊ ပြီးရင် ကိုယ့်ရဲ့နိုင်ငံရေးအခြေအနေ နောက်တစ်ဆင့် ထပ်မြှင့်ဖို့ပေါ့နော်"

တိုင်းရင်းသားလက်နက်ကိုင် ၃ဖွဲ့ရဲ့ နှုတ်ထွက်ဖို့ တင်ပြချက်ကို လက်ရှိကျင်းပနေတဲ့ ညီလာခံအပြီးမှာ ဆုံးဖြတ်မယ်လို့ သိရပါတယ်။

ရက္ခိုင့်တပ်မတော် AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်ကို RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org