မိုးဗြဲမှာ တပ်သိမ်းယာမြေဧက ၄ဝဝ နီးပါးကို ပြန်လည်စွန့်လွှတ်


2017.05.11
moebye-farmers-lands-620.jpg တပ်သိမ်းဆည်းမြေထဲက မြေဧက ၄ဝဝ လောက်ကို ပြန်ပေးဖို့ မိုးဗြဲမှာ စစ်တပ်၊ ရဲနဲ့ ဒေသခံတွေ ပူးပေါင်းပြီး မေလ ၁၁ ရက်နေ့က ကွင်းဆင်းတိုင်းတာစဉ်
Photo: Kayan Hlawunn Facebook

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ တပ်လုံခြုံရေးအတွက် ဆိုပြီး သိမ်းယူထားတဲ့ ယာမြေဧက ၄ဝဝ နီးပါးကို ပြန်လည်စွန့်လွှတ်ဖို့ တိုင်းတာမှုတွေ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

၁၉၉၂ ခုနှစ်က အမှတ် ၄၂၂ ခြေမြန်တပ်ရင်းက သိမ်းယူခဲ့တာဖြစ်ပြီး ယာမြေ ၃၇၇ ဧကကို တပ်မတော်၊ ရဲတပ်ဖွဲ့ နဲ့ ဒေသခံတွေ ၃ ပွင့်ဆိုင် ကွင်းဆင်းတိုင်းတာမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတောင်သူ ဦးအောင်မျိုးခန့် က ပြော ပါတယ်။

"အမှတ် ၄၂၂ ခြေမြန်တပ်ရင်း မိုးဗြဲပေါ့၊ ၁၉၉၂ ခုနှစ်ထဲက သိမ်းထားတာပေါ့၊ သူတို့ သိမ်းသွားတုန်း ကတော့ တပ်လုံခြုံရေးအတွက်ဆိုပြီးမှပေါ့နော် သိမ်းသွားတာပေါ့၊ ၃၇၇ ဧကကို သူတို့က ပြန်လည်စွန့် လွှတ်ဖို့ဆိုပြီးမှ ဒီနေ့ ရဲရယ်၊ တပ်ရယ်၊ ကျနော်တို့ တောင်သူတွေရယ်ပေါ့နော်၊ ၃ ပွင့်ဆိုင် သွားရောက် ကွင်းဆင်း တိုင်းတာ တာပေါ့နော်။"

တပ်မတော်က သိမ်းယူခဲ့ချိန်က ဧက ၁ ထောင်ကျော် သိမ်းယူထားတာဖြစ်ပြီး အခုပြန်လည်စွန့်လွှတ်လိုက်တဲ့ လယ်မြေတွေအပြင် ဧက ၈ဝဝ ကျော်ကျန်ရှိနေသေးတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြန်လည်စွန့်လွှတ်မယ့် ယာမြေတွေရဲ့ မူလပိုင်ရှင်တောင်သူတွေကို ပုံစံ ၇ ရရှိဖို့ ဆောင်ရွက်ပေးသွားမယ်လို့ တာဝန်ရှိသူတွေက ပြောသွားကြောင်း ဦးအောင်မျိုးခန့် က ပြောပါတယ်။

အဲဒီယာမြေတွေမှာ ပြောင်း၊ ပဲစင်းငုံ၊ စပါး၊ ပြောင်းကောက် စတာတွေ စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။

စွန့်လွှတ်မယ့် မြေတွေမှာ ယာမြေတွေအပြင် ပြီးခဲ့တဲ့နှစ်က တပ်က ထပ်မံသိမ်းယူဖို့ဆိုပြီး တိုင်းတာခဲ့တဲ့ ရွာမြေတွေ လည်း ပါဝင်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။