မွန်ပြည်နယ်အစိုးရရဲ့ ဖြည့်စွက် ရန်ပုံငွေ လွှတ်တော် ကိုယ်စားလှယ်တွေ ဝေဖန်

၂၁၀၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် မွန်ပြည်နယ်အစိုးရအဖဲ့ွ ထပ်မံတောင်း ခံတဲ့ ဖြည့်စွက်ဘတ်ဂျက်ငွေ ကျပ်သန်း ၄ထောင်ကျော်ထဲမှာ မြို့နယ်အလိုက် အသုံးစရိတ်ခွဲဝေမှု မညီမျှတာတွေ ရှိနေ တယ်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်တွေက ဒီနေ့ ပြည် နယ်လွှတ်တော်မှာ ဝေဖန်ဆွေးနွေးခဲ့ကြပါတယ်။

မွန်ပြည်နယ်လွှတ်တော်မှာ အစည်းအဝေးကျင်းပနေစဉ် Photo: Kyaw Lwin Oo/ RFA

၂၁၀၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် မွန်ပြည်နယ်အစိုးရအဖဲ့ွ ထပ်မံတောင်းခံတဲ့ ဖြည့်စွက်ဘတ်ဂျက်ငွေ ကျပ်သန်း ၄ထောင်ကျော်ထဲမှာ မြို့နယ်အလိုက် အသုံးစရိတ်ခွဲဝေမှု မညီမျှတာတွေ ရှိနေတယ်ဆိုပြီး လွှတ်တော် ကိုယ်စားလှယ်တွေက ဒီနေ့ ပြည်နယ်လွှတ်တော်မှာ ဝေဖန်ဆွေးနွေးခဲ့ကြပါတယ်။


မွန်ပြည်နယ်အစိုးရအဖွဲ့က ဖြည့်စွက်ရန်ပုံငွေအဖြစ် ငွေကျပ်သန်း ၅ထောင်ကျော်တောင်းခံခဲ့ပြီး ပြည်ထောင်စု အစိုးရက ကျပ်သန်း တစ်ထောင်ကျော်ကို ဖြတ်တောက်ပြီး ၄ထောင်ကျော်သာ ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

အဲဒီဖြည့်စွက်ဘတ်ဂျက်မှာ မော်လမြိုင်တမြို့တည်းအတွက် ကျပ်သန်း တစ်ထောင်ကျော်ပါဝင်ပြီး အခြားမြို့တွေ အတွက် အသုံးစရိတ်လျာထားချက်နည်းတာကြောင့် လွှတ်တော်ကိုယ်စားလှယ်တချို့က ထောက်ပြဆွေးနွေးကြ တာဖြစ်ပါတယ်။

အဲဒီဘတ်ဂျက်တောင်းခံချက်ထဲက လျှပ်စစ်ကဏ္ဍာမှာ ရေးမြို့နယ်နဲ့ ကျိုက်မရောမြိုနယ်တွေအတွက် မပါရှိသလို အမှိုက်ကားအစီး ၂၀ တောင်းခံထားရာမှာလည်း မော်လမြိုင်တမြို့တည်းအတွက်သာ ပါရှိတာကြောင့် ထောက်ပြ ကြတာဖြစ်တယ်လို့ ကိုယ်စားလှယ်တွေက ပြောပါတယ်။

ဒါ့အပြင် ဒေသဖံ့ွဖြိုးရေး စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့အတွက် အသုံးစရိတ်တွေကို ပိုပြီးတင်ထားတာတွေ ရှိနေကြောင်းလည်း ပြောကြပါတယ်။

မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဖြည့်စွက်ဘတ်ဂျက်တောင်းခံရာမှာ စည်ပင်သာယာရေးဝန်ကြီးဌာန အသုံးစရိတ် ကျပ်သန်း ၂ထောင်ကျော်နဲ့ အများဆုံးဖြစ်ပြီး ကျန်တဲ့ဝန်ကြီးဌာနတွေက ကျပ်သန်း ၂ထောင် တောင်းခံခဲ့တာဖြစ် ပါတယ်။

ကျပ်သန်း တစ်ထောင်ကျော် ဖြတ်တောက်လိုက်တဲ့အတွက် စည်ပင်သာယာရေးဌာနက ကျပ်သန်း နှစ်ထောင်ရရှိပြီး ကျန်တဲ့ဝန်ကြီးဌာနတွေက ကျပ်သန်း တစ်ထောင့်တစ်ရာသာ ရရှိခဲ့ပါတယ်။

အဲဒီ ဖြည့်စွက်ဘတ်ဂျက်ကို ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးအတည်ပြုခဲ့တာဖြစ်ပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org