မွန်နဲ့ ကရင်ပြည်နယ်က လုပ်ငန်းရှင်များအဖွဲ့နှင့် တပ်ခရိုင်ကုန်သည်ကြီးများအသင်း တွေ့ွဆုံ

2013-10-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မြန်မာနိုင်ငံ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်းက လုပ်ငန်းရှင်များပါတဲ့ ကုန်သွယ်ရေးအဖွဲ့နဲ့ တပ်ခရိုင်ကုန်သည်ကြီးများအသင်းတွေ့ဆုံပွဲကို  အောက်တိုဘာလ ၂၉ရက်နေ့က  ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ တပ်ခရိုင်အုပ်ချုပ်ရေးမှူးက အခုအချိန်ဟာ ထိုင်းနဲ့ မြန်မာအကြား ကုန်သွယ်ရင်နှီးမြှုပ်နှံမှုတွေဆောင်ရွက်ဖို့ အကောင်းဆုံးကာလပဲလို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

မနေ့က ကျင်းပတဲ့တွေ့ဆုံပွဲကို မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်းက ရော်ဘာစိုက်ပျိုးရေး၊ ဟိုတယ်နဲ့ ခရီးသွားလာရေး၊ ဆောက်လုပ်ရေးပစ္စည်း ရောင်းဝယ်ရေး၊ ကွန်ပျူတာပစ္စည်းရောင်းဝယ်ရေးနဲ့ ရေလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ပါတယ်။

သီရိဟံသာ ခရီးသွားလုပ်ငန်းကုမ္ပဏီ အမှုဆောင် ညွှန်ကြားရေးမှူး ကိုနေဇော်အောင်က

“နှစ်ဖက်လုပ်ငန်းရှင်တွေ တစ်စုတစ်စည်းတည်း တစ်နေရာတည်မှာ အတူတကွတွေ့ဆုံနိုင်ဖို့ အဲလိုတွေ့ဆုံခြင်းအားဖြင့် တစ်ဦးနဲ့တစ်ဦးယုံကြည်မှုပိုလာမယ် နောက်ကျနော်တို့မျှော်လင့်ထားတာကတော့ မွန်ကရင်က လုပ်ငန်းရှင်တွေနဲ့ အတူပူးပေါင်းပြီးတော့ လုပ်ငန်းတွေ ဆောင်ရွက်လို့ရအောင် ရင်နှီးမြှုပ်နှံ့မှုအပိုင်းရော ကုန်သွယ်မှုအပိုင်းရော ၂ ပိုင်းလုံးကို ကျနော်တို့ မျှော်လင့်ပြီးတော့ ကျနော်တို့လာကြတာပါ”

မနေ့ကကျင်းပတဲ့ နှစ်နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ တွေ့ဆုံပွဲမှာ မြန်မာဖက်က ရေထွက်ပစ္စည်း၊ ရော်ဘာနဲ့ ဆန်စပါး၊ ပဲမျိုးစုံကို ပြသထားပြီး ထိုင်းဖက်ကတော့ ဆောက်လုပ်ရေး၊ စားသောက်ကုန် အဝတ်အထည်နဲ့ စိုက်ပျိုးရေးသုံးဓါတ်မြေသြဇာ၊ စက်သုံးဆီစတဲ့ ပစ္စည်းတွေကို ခင်းကျင်းပြသထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့