ရွေးကောက်ပွဲသည် နိုင်ငံရေးပြဿနာများ မဖြေရှင်းနိုင်ကြောင်း မွန်ပြည်သစ်ပါတီပြောကြား

စစ်အစိုးရက ကျင်းပမဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းပေးနိုင်မဲ့အရာ မဟုတ်ဘူးလို့ မွန်ပြည်သစ်ပါတီက ပြောကြားလိုက်ပါတယ်။
2010-08-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြန်မာနိုင်ငံအောက်ပိုင်း တိုင်းနှင့် ပြည်နယ်များ တည်နေပြ မြေပုံ။ (RFA Image)
မြန်မာနိုင်ငံအောက်ပိုင်း တိုင်းနှင့် ပြည်နယ်များ တည်နေပြ မြေပုံ။ (RFA Image)
(RFA Image)

ဩဂုတ်လ ၂၅ ရက် မနေ့က ကျရောက်တဲ့ ၆၃ နှစ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို ပေးပို့ခဲ့တဲ့ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်ရဲ့ သဝဏ်လွှာမှာ အဲဒီလို ပြောဆိုထားတာ ဖြစ်တယ်လို့ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဇေယျက RFA ကို ပြောပါတယ်။

“ဒီ နိုဝင်ဘာလမှာ ကျင်းပမဲ့ ရွေးကောက်ပွဲဟာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အသက်သွင်းတဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက် ကျွန်တော်တို့ နိုင်ငံ အေးချမ်းအောင် ဒီ ရွေးကောက်ပွဲတော့ ဖြေရှင်းပေးနိုင်မယ်တော့ မယုံကြည်ဘူးခင်ဗျ။”

၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲခြင်း မရှိပဲ ဒီအတိုင်း ရွေးကောက်ပွဲကို ဆက်လုပ်နေတာကြောင့် ဒီရွေးကောက်ပွဲ ရလဒ်ဟာ ဒီမိုကရေစီကို ဖော်ဆောင်နိုင်မှာ မဟုတ်သလို ၊ စစ်အာဏာရှင် စနစ်ကိုလည်း သက်ဆိုးရှည်စေမှာ ဖြစ်တာကြောင့် စစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲကို မွန်ပြည်သစ်ပါတီက လုံးဝ လက်မခံနိုင်ကြောင်း ဗိုလ်ချုပ်ဇေယျက ပြောပါတယ်။

မွန်ပြည်သစ်ပါတီက အခုလို ရွေးကောက်ပွဲကို ဆန့်ကျင်နေပေမဲ့ ၊ တိုင်းရင်းသား ရပိုင်ခွင့်တွေအတွက် လွှတ်တော်တွင်းကနေ တောင်းဆိုသွားမယ်ဆိုတဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကတော့ ရွေးကောက်ပွဲကို မွန်ပြည်နယ်အတွင်းမှာ အဓိကထား ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

စစ်အစိုးရကကျင်းပမဲ့ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိပဲ သပိတ်မှောက်ထားတဲ့ မွန်ပါတီတခုကတော့ ၁၉၉၀ ခုနှစ်မှာ အနိုင်ရခဲ့ဖူးတဲ့ မွန်အမျိုးသား ဒီမိုကရေစီပါတီပဲ ဖြစ်ပါတယ် ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့