မြန်မာ ငွေကြေးအက်ဥပဒေ ပြုပြင်ရေး

မြန်မာနိုင်ငံမှာ အောက်တိုဘာလ ၁ ရက်နေ့က ပထမဆုံးအကြိမ် တရားဝင် စတင် ဖွင့်လှစ်လိုက်တဲ့ နိုင်ငံခြားငွေ လဲလှယ်ရေး ကောင်တာတွေမှာ ဒေါ်လာ ၂၀၀၀ အထိပဲ လဲလှယ်ခွင့် ပြုထားတဲ့အတွက် သွင်းကုန် ထုတ်ကုန် စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ ပြင်ပ မှောင်ခို ဈေးကွက်ကိုပဲ အားထားနေရဆဲလို့ သိရပါတယ်။

အခုလို တရားဝင် နိုင်ငံခြားငွေ လဲလှယ်နိုင်တဲ့ လုပ်ငန်းတွေ ပေါ်ပေါက် လာတာဟာ ကြိုဆိုစရာ ဖြစ်ပေမယ့် ကိုလိုနီ အင်္ဂလိပ် အစိုးရလက်ထက်က ထုတ်ပြန်ခဲ့တဲ့ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ ငွေကြေး အက်ဥပဒေကို မပြုပြင်ရသေး တာကြောင့် ပုဂ္ဂလိကဘဏ် တချို့ကို အခုလို ငွေလဲခွင့်လုပ်ငန်း ချထားပေးလိုက်တာဟာ တည်ဆဲ ဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့ ထောက်ပြမှုတွေ ရှိပါတယ်။ ဒါ့ပြင် ဘဏ် ၂၀ လောက်ရှိတဲ့ အထဲက ဘဏ် ၅ ခုကိုပဲ ရွေးချယ်ပြီး ငွေလဲလုပ်ငန်း လုပ်ကိုင်ခွင့် ပေးအပ် လိုက်တာဟာလည်း တရားမျှတမှု မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေ ပေါ်ပေါက် နေပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ငွေလဲကောင်တာ ဖွင့်ခွင့် ရရှိထားတဲ့ ဘဏ် ၅ ခုအနက်က ကမ္ဘောဇဘဏ်ရဲ့ ဒုတိယ ဥက္ကဌဖြစ်သူ ယခင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးသန်းလွင်ကို ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

0:00 / 0:00