မူဆယ် မီးလောင်မှု အမျိုးသမီး ၂ ဦးသေဆုံး


2017.05.17
muse-fire-620.jpg ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်က မီးလောင်ကျွမ်းခဲ့တဲ့ အဆောက်အဦးကို မေလ ၁၇ ရက်နေ့က တွေ့ရစဉ်
Photo: Hnin Ngwe

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်မှာ ဒီနေ့ မနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီး ၂ ဦး သေဆုံးခဲ့တယ်လို့ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရေခဲသေတ္တာ Safe Guard က အလုပ်မလုပ်ဘဲ အပူလွန်ကဲပြီး မနက် ၂ နာရီ ၄၅ လောက်က စတင် မီးလောင် ကျွမ်းခဲ့တာဖြစ်တယ်လို့ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း က ပြောပါတယ်။

"မနက် ၂ နာရီ ၄၅ ကနေပြီးတော့မှ စပြီးတော့ မီးတောက်လောင်တာပေါ့နော်၊ ရေခဲသေတ္တာထဲမှာ တပ်ထားတဲ့ Safe Guard ကနေ ပြီးတော့မှ အလုပ်မလုပ်တဲ့အခါမှာ အပူလွန်ကဲပြီး မီးလောင်တဲ့ သဘောပေါ့နော်၊ မီးလောင်တဲ့ အချိန်က ၂ နာရီ ၄၅ ဆိုတော့ အိပ်ပျော်တဲ့အချိန် လည်း ဖြစ်မှာပေါ့၊ ဒါမှမဟုတ် မီးခိုးမွှန်ပြီးတော့မှ မူးမေ့သွားတာလည်း ဖြစ်မှာပေါ့"

အဲဒီ မီးလောင်ကျွမ်းမှုဟာ မိနစ် ၄၀ လောက် ကြာမြင့်ခဲ့ပြီး နေအိမ်တစ်လုံး မီးထဲပါသွားကာ ပျက်စီးဆုံးရံှုးမှု တန်ဖိုးငွေကျပ် သိန်း ၆၀ လောက် ရှိတယ်လို့လည်း ပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅/၃၀၄ က နဲ့ မူဆယ်မြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူထား တယ်လို့ သိရပါတယ်။

မီးထဲပါပြီး သေဆုံးသွားသူ အမျိုးသမီး ၂ ဦးဟာ ဒုတိယ သမ္မတဟောင်းဖြစ်တဲ့ လက်ရှိ လားရှိုးမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိုင်းမောက်ခမ်းရဲ့အစ်မနဲ့ တူမဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ အတည်မပြုနိုင်သေးဘူးလို့ ဦးကျော်ကျော်ထွန်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။