ဖမ်းဆီးခံကျောင်းသားများ ပြန် လွှတ်ရေး မွတ်စလင် လူငယ်ကွန်ရက် ဆုတောင်း


2015.03.24

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေ လွတ်မြောက်ဖို့အတွက် မွတ်စလင် လူငယ်များကွန်ရက် က ရန်ကုန်မြို့မှာ မနေ့မနက်က ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။

ကန်တော်ကြီးပန်းခြံထဲမှာ ငှက်တွေလွှတ်ပြီး ဆုတောင်းခဲ့တာဖြစ်တယ်လ့ို မွတ်စလင် လူငယ်များကွန်ရက် အဖွဲ့ဝင် ကိုပြည့်စုံဝင်းက ပြောပါတယ်။

"အဓိကရည်ရွက်ချက်ကတော့ ကျနော်တို့ မွတ်စလင်လူငယ်တွေကလည်း ဒီထဲမှာ ပူးပေါင်းပါဝင် တယ်ပေါ့နော်၊ ကျောင်းသားတွေ ဖမ်းခံရတဲ့ကိစ္စကို ကျနော်တို့ဘက်ကလဲ အမြန်ဆုံးလွှတ်ပေး ဖို့ တောင်းဆိုတဲ့ဆုတောင်းပွဲလေးပါပဲ၊ ကဗျာရွတ်တယ်၊ ငှက်လွှတ်တယ်ပေါ့၊ ပြီးတော့ ကျနော်တို့ အစ္စလာမ်ဘာသာအရ ဆုတောင်းတယ်ပေါ့၊ မွတ်စလင်လူငယ်တွေပဲစုပြီးလုပ်တာဗျ၊ တစ်တိုင်းပြည်လုံး ထွက်ရမယ့်အချိန်မျိုးမှာ ကျနော်တို့သည်လည်း မြန်မာနိုင်ငံသားတွေအနေနဲ့ ပါဝင်သင့်တဲ့နေရာကနေ ပါဝင်ကြတာပေါ့ဗျာ"

အဲဒီဆုတောင်းပွဲမှာ လူငယ် ၁၅ ဦး ခန့် ပါဝင်ခဲ့ပြီး "We are Student, Respect Our Right" "ငါတို့ဟာ ကျောင်းသူ ကျောင်းသားတွေဖြစ်တယ်၊ ငါတို့ အခွင့်အရေးကို လေးစားပါ" ဆိုတဲ့ စာသားပါ လက်ပတ်အဖြူတွေကို ဝတ်ဆင်ပြီး ဆုတောင်းခဲ့ကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။